Apple က HomePod Mini စမတ် စပီကာကို ကြေညာ

Apple က HomePod Mini စမတ် စပီကာ အသစ်ကို ကြေညာလိုက်ပါတယ်။ လုပ်ဆောင်ချက်တွေ များလာပြီး ၂၀၁၈ ထုတ် HomePod ထက် အများကြီး ဈေးသက်သာလာပါတယ်။ သူဟာ စက်ဝိုင်းပုံစံ ဖြစ်ပြီး ထိပ်ဖက်မှာ မျက်နှာပြင် ၁ ခုပါလာပါတယ်။ စပီကာကို ချည်သားနဲ့ ပတ်ထားပြီး Computational Audio ထောက်ပံ့တဲ့ Apple S5 Chip မောင်းနှင်ထားပါတယ်။ Apple က ၁ စက္ကန့်ကို အသံချိန်ညှိမှု အကြိမ် ၂၀၀ နီးပါး ပြုလုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။

Intercom လုပ်ဆောင်ချက်က အိမ်ထဲက တခြား HomePod စပီကာတွေထံ အသံ Message ပေးပို့နိုင်ပါတယ်။ တစ်ဖက်က လူကလည်း စကား ပြန်ပြောနိုင်ပါတယ်။ Intercom က အသံ Message တွေကို ချိတ်ဆက်ထားတဲ့ iPhone, Apple Watch နဲ့ AirPods မှာ ပြပေးနိုင်ပါတယ်။

HomePod က စမတ် နေအိမ် ကိရိယာတွေကို ထိန်းချုပ်နိုင်ပြီး iHeart Radio နဲ့ Tunein အပါအဝင် ဝန်ဆောင်မှု များစွာက သီချင်းတွေကို ဖွင့်ပေးနိုင်ပါတယ်။ အကောင်းဆုံးက ဈေးနှုန်း ဖြစ်ပြီး ၂၀၁၈ ထုတ် HomePod ရဲ့ ၄ ပုံပုံ ၁ ပုံပဲရှိတဲ့ ၉၉ ဒေါ်လာပဲ သတ်မှတ်ထားပါတယ်။ ၁ သိန်း ၃ သောင်းလောက်ပဲ ကျသင့်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gizmochina

%d bloggers like this: