၂ သိန်းလောက်ပဲ ရှိတဲ့ 5G ဖုန်း realme Q2 ကို ကြေညာ

realme က ဈေးအရမ်းချိုတဲ့ 5G ဖုန်း Q2 ကို ကြေညာလိုက်ပြီး ၆.၅ လက်မ Full HD+ LCD မျက်နှာပြင်နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံးပဲ တပ်ဆင်ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပြီး 30W Dart Charge ပါတဲ့ 5,000mAh ဘက်ထရီ ပါပါတယ်။

MediaTek Dimensity 800U SoC မောင်းနှင်ထားပြီး Android 10 အခြေပြု realme UI ပါလာပါတယ်။

realme Q2 5G specifications

• 6.5-inch (2400 × 1080 pixels) Full HD+ LCD screen with 120Hz refresh rate
• Octa Core (4 x 2.4GHz Cortex-A76 + 4 x 2GHz Cortex-A55 CPUs) MediaTek Dimensity 800U (MT6873V) 7nm processor
• 4GB / 6GB LPDDR4x RAM with 128GB (UFS 2.1) storage, expandable memory with microSD
• Hybrid Dual SIM (nano + nano / microSD)
• Android 10 with realme UI
• 48MP rear camera with f/1.8 aperture, LED flash, 8MP 119° ultra-wide angle lens with f/2.3 aperture, 2MP 4cm macro sensor with f/2.4 aperture
• 16MP front camera with f/2.1 aperture
• Side-mounted fingerprint sensor
• 3.5mm audio jack
• Dimensions: 162.2×75.1×9.1mm; Weight: 194g
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/GLONASS/Beidou, USB Type-C
• 5000mAh (typical) battery with 30W Dart Charge fast charging

အနက်နဲ့ ငွေရောင် ထုတ်လုပ်ထားပြီး ၁၉ ရက်နေ့ စရောင်းမှာပါ။ 4GB RAM နဲ့ 6GB RAM Version အတွက် ၁,၂၉၉ နဲ့ ၁,၃၉၉ ယွမ် အသီးသီး သတ်မှတ်ထားပြီး ၂ သိန်း ၄ သောင်းနဲ့ ၂ သိန်း ၆ သောင်း တန်ကြေးရှိပါတယ်။

Ref : fonearena

%d bloggers like this: