realme က ၃ သိန်းလောက်ပဲ ရှိတဲ့ 5G ဖုန်း Q2 Pro ကို ကြေညာပြီ

realme က Q2 Pro ကို ကြေညာလိုက်ပြီး တန်ဖိုးနည်းတဲ့ 5G ဖုန်း ဖြစ်ပါတယ်။ သူ့မှာ ၆.၄ လက်မ Full HD+ Super AMOLED မျက်နှာပြင်နဲ့ 60Hz Refresh Rate ထည့်သွင်းထားပါတယ်။ Screen-to-body Ratio က ၉၀.၈ ရာခိုင်နှုန်း ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက မိုက်ပါတယ်။ 16MP Punch Hole ဆဲလ်ဖီး ကင်မရာ ပါလာပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Black & White ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

MediaTek Dimensity 800U SoC မောင်းနှင်ထားပြီး Android 10 အခြေပြု realme UI ပါလာပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 65W SuperDart Charging ပါတဲ့ 4,300mAh ဘက်ထရီ ပါပါတယ်။

realme Q2 Pro 5G specifications

• 6.4-inch (2400 × 1080 pixels) Full HD+ AMOLED screen
• Octa Core (4 x 2.4GHz Cortex-A76 + 4 x 2GHz Cortex-A55 CPUs) MediaTek Dimensity 800U (MT6873V) 7nm processor
• 8GB LPDDR4x RAM with 128GB / 256GB (UFS 2.1) storage
• Dual SIM (nano + nano)
• Android 10 with realme UI
• 48MP rear camera with f/1.8 aperture, LED flash, 8MP 119° ultra-wide angle lens with f/2.3 aperture, 2MP B&W portrait camera and 2MP 4cm macro sensor with f/2.4 aperture
• 16MP front camera with f/2.1 aperture
• In-display fingerprint sensor
• 3.5mm audio jack, 1216 super linear speaker, Hi-Res Audio
• Dimensions: 160.9×74.4×8.1mm; Weight: 175g
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/GLONASS/Beidou, USB Type-C
• 4300mAh (typical) battery with 65W Super Dart Charge fast charging

128GB နဲ့ 256GB Version အတွက် ၁,၇၉၉ ယွမ်နဲ့ ၁,၉၉၉ ယွမ် အသီးသီး သတ်မှတ်ထားပြီး ၃ သိန်း ၄ သောင်းနဲ့ ၃ သိန်း ၈ သောင်းလောက် ကျသင့်မှာပါ။

Ref : fonearena

%d bloggers like this: