Motorola က စမတ်တီဗီ အသစ်တွေကို အိန္ဒိယမှာ ကြေညာ

Motorola က ZX2 series 32″ HD ၊ 40″ Full HD နဲ့ Revou series 43″ & 55″ 4K Android 10.0 Smart TVs အသစ်တွေကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ သူတို့ အားလုံးမှာ Dolby Vision နဲ့ Dolby Atmos တွေ ထည့်သွင်းထားပါတယ်။ 4K မော်ဒယ်တွေမှာ Linen Finish Integrated Soundbar ထောက်ပံ့ထားပြီး ဒီဇိုင်းက အရမ်းပါးလွှာသလို ဘောင်ပျောက် ဒီဇိုင်းက အရမ်း မိုက်ပါတယ်။

သူတို့ အားလုံးမှာ 1.5GHz Quad-core MediaTek MT9602 Processor , Mali-G52 MC1 GPU နဲ့ Dual Band WiFi တွေ ထည့်သွင်းထားပါတယ်။ ဒီလ ၁၅ ရက်နေ့မှာ Flipkart ရဲ့ Big Billion Days ဈေးရောင်းပွဲတော် ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ Specs အပြည့်အစုံကို အောက်မှာ လေ့လာနိုင်ပါတယ်။


Ref : fonearena

%d bloggers like this: