Xiaomi Mi True Wireless Earphones 2 Basic ကို မကြာခင် ကြေညာတော့မည်

Xiaomi က Mi True Wireless Earphones 2 ရဲ့ ဈေးချိုတဲ့ မော်ဒယ် ဖြစ်တဲ့ Mi True Wireless Earphones 2 Basic ကို အိန္ဒိယမှာ မကြာခင် ကြေညာတော့မှာပါ။ Xiaomi က သူ့ရဲ့ သတင်းအချက်အလက် တချို့ကို ဝက်ဘ်ဆိုက်မှာ မျှဝေထားပါတယ်။ သူဟာ အသံအရည်အသွေး ထိပ်တန်းအဆင့်ရှိမှာ ဖြစ်ပြီး Bluetooth 5.0 ထောက်ပံ့ထားမှာပါ။ ဖုန်းပြောနေချိန်မှာ ပတ်ဝန်းကျင်က ဆူညံသံတွေကို ဖျောက်ပေးတဲ့ မိုက်ကရိုဖုန်း ၂ လုံး ပါလာမှာ ဖြစ်ပြီး 14.2mm Driver တွေ ထည့်သွင်းထားမှာပါ။

နားကြပ်ကို Case ကထုတ်ပြီး ကိုင်လိုက်တာနဲ့ MIUI ပါတဲ့ ဖုန်းတွေနဲ့ အလိုလို ချိတ်ဆက်ပေးမှာပါ။ နားကြပ်က ဘက်ထရီ သက်တမ်းဟာ ၅ နာရီ ဖြစ်ပြီး Case က ဘက်ထရီနဲ့ပါ ပေါင်းလိုက်ရင် နာရီ ၂၀ အထိ အသုံးခံပါတယ်။

Mi True Wireless Earphones 2 Basic specifications

• Bluetooth 5.0 (SBC/AAC codes) to connect to Android and iOS devices
• 14.2mm drivers
• Touch controls for volume and track change
• Dual microphones for noise cancellation, voice control
• Infrared sensor for intelligent wear detection so it automatically pauses when you remove them
• Semi-in-ear design to fit your ear canal, making it comfortable to wear and doesn’t fall off easily.
• Each headset weigh just 4.7 grams, Case weighs 48 grams
• 5 hours of standalone playback, 20 hours with the case, USB Type-C charging for the case to charge in 1.5 hours

Mi True Wireless Earphones 2 Basic အတွက် အဖြူရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး Flipkart မှာ ၃,၄၉၉ ရူပီးနဲ့ စာရင်းတင်ထားပါတယ်။ ၆ သောင်းလောက်ရှိပြီး ရောင်းမယ့်ဈေးက ဒီထက် သက်သာနိုင်ပါတယ်။ ဒီလ ၁၅ ရက်နေ့မှာ ကြေညာနိုင်ပါတယ်။

Ref : fonearena

%d bloggers like this: