realme က Smart Cam 360° ကို ကြေညာ

realme ဟာ AIOT ထုတ်ကုန်တွေကို ထုတ်လုပ်ရောင်းချမယ်လို့ ဇွန်လက အသိပေးခ့ပါတယ်။ အခုတော့ realme Smart Cam 360° , realme Smart Plug, N1 Sonic Electric Toothbrush နဲ့ realme Selfie Tripod တို့ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။

Smart Cam 360° ဟာ realme ရဲ့ ပထမဆုံး လုံခြုံရေး ကင်မရာ ဖြစ်ပြီး 1080p FHD ဗီဒီယိုတွေ ရိုက်ကူးပေးနိုင်ပါတယ်။ Viewing Range က ၁၀ မီတာရှိတဲ့အတွက် မြင်ကွင်းကျယ် ပါတယ်။ ညဘက်တွေမှာတောင် ဗီဒီယို ဖမ်းယူပေးနိုင်တဲ့ 940nm Infrared Illuminator ထည့်သွင်းထားပါတယ်။

၃၆၀ ဒီဂရီ လှည့်ပတ်နိုင်တဲ့ Mechanical Gimble ထောက်ပံ့ထားပြီး လူ၊ အရာဝတ္ထုတွေကို အာရုံခံနိုင်တာ၊ သံသယ ဖြစ်စရာ အရိပ်အယောင်တွေကို သတိပေးတာနဲ့ ၂၄ နာရီ အချိန်ပြည့် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို microSD Card မှာ သိမ်းတာ စတဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။

Highlights of realme Smart Cam 360°

• 1080p FHD video recording with supports wide dynamic range, 3D noise-cancelling algorithm
• Mechanical gimbal for 360° panoramic vision
• Infrared night vision
• AI motion detection, real-time alert, two-way voice talk
• Physical cover for privacy
• microSD expansion up to 128GB, AES/TLS 1.2 encryption

ref : fonearena

%d bloggers like this: