100W Soundbar ကို ကြေညာလိုက်တဲ့ realme

realme က အိန္ဒိယမှာ SLED 4K TV နဲ့အတူ သူနဲ့တွဲသုံးရင် အရမ်းလန်းတဲ့ 100W Soundbar ကိုပါ ကြေညာလိုက်ပါတယ်။ သူ့မှာ Full-range Speaker ၂ လုံးနဲ့ Tweeter ၂ လုံး ထည့်သွင်းထားပြီး realme က Soundbar ဟာ realme Smart TV SLED 4K ရဲ့ အသံကို ၂၀၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်တယ်လို့ ပြောပါတယ်။ သတ္တုနဲ့ တည်ဆောက်ထားပြီး ဒီဇိုင်းက တော်တော် မိုက်ပါတယ်။

Soundbar မှာ ၂ လက်မ 60W Full -range Speaker နဲ့ Tweeters တွေ အပြင် ၅.၂၅ လက်မ 40W Subwoofer ၁ လုံး ထည့်သွင်းထားပါတယ်။ အဲဒါတွေ စုပေါင်းပြီး 2.1 Channel Acoustic System ကို ဖန်တီးပေးနိုင်တဲ့အတွက် Bass အသံထွက် ပိုကောင်းပါတယ်။ Sub Woofer ရဲ့ Frequency Range ဟာ 50Hz ကနေ 24KHz အကြားမှာ ရှိပါတယ်။

သူ့မှာ Bluetooth 5.0, Aux-In, Line-In, USB, Optical, HDMI (ARC) နဲ့ Coaxial အပါအဝင် Connectivity Option များစွာ ပါပါတယ်။ Remote Control က Shortcut Key နဲ့ အသံ အမိန့်တွေကနေ Modes တွေ ပြောင်းလဲနိုင်ပါတယ်။ ၆,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၁ သိန်း ၂ သောင်းလောက် တန်ပါတယ်။ ဒီလ ၁၆ ရက်နေ့မှာ Flipkart, Amazon.in နဲ့ realme.com တို့ကနေ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: