Two-way Fast Charging ပါတဲ့ realme 20,000mAh Power Bank 2 ကို ကြေညာ

realme က အိန္ဒိယမှာ 20,000mAh Power Bank 2 ကို ကြေညာလိုက်ပါတယ်။ သူ့မှာ Grid Texture တွေ သုံးထားတဲ့အတွက် ကိုင်တွယ်ရတာ ချောမွတ်သလို လက်ဗွေရာ မတင်ကျန်စေပါဘူး။ 18W Two-way Quick Charge နည်းပညာ ပါလာပြီး Output Port အနေနဲ့ USB-A ၂ ခုနဲ့ USB-C ၁ ခု ထည့်သွင်းထားပါတယ်။

လုံခြုံရေးအလွှာ ၁၄ ခု ပါလာပြီး စမတ်လက်ပတ်၊ စမတ်နာရီနဲ့ ကြိုးမဲ့နားကြပ်တွေကို အားသွင်းဖို့ Low Current Mode ထည့်ထားပါတယ်။

realme 20000mAh power bank 2 specifications

• 20000mAh (typical) lithium-polymer battery
• Triple output 2 x USB Type-A and USB Type-C
• 18W (5V-3A/9V-2A/12V-1.5A) two-way fast charging via USB Type-C
• USB Type-A Output (5V-3A/9V-2A/12V-1.5A)
• 14 layers of protection including current, over-power, short circuit, over charger or discharge and more

အနက်နဲ့ အဝါ ၂ ရောင် ထုတ်လုပ်ထားပြီး ၁,၅၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၂ သောင်း ၈ ထောင်လောက်ပဲ ကျသင့်မှာ ဖြစ်ပြီး ၁၆ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: