realme 7 Pro ရဲ့ Sun Kissed Leather Edition ကို အိန္ဒိယမှာ ကြေညာ

အိန္ဒိယမှာ realme 7 နဲ့ 7 Pro ကို စက်တင်ဘာလ အစောပိုင်းက ကြေညာခဲ့ပြီး လလယ်မှာ 7 Pro ကို ရောင်းပေးခဲ့ပါတယ်။ Mirror Blue နဲ့ Mirror Silver ၂ ရောင် ထုတ်လုပ်ထားပြီး အခုတော့ Sun Kissed Leather Edition ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ Vegan Micrograin Leather နဲ့ ပြုလုပ်ထားပြီး လက်နဲ့ကိုင်ရတာ အရမ်းကို ကောင်းမွန်လှတယ်လို့ သိရပါတယ်။ ဖက်ရှင် လောကမှာ သုံးနေတဲ့ Split ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။

တခြား Specs တွေကတော့ အရင် မော်ဒယ်တွေနဲ့ တူညီပါတယ်။ realme 7 Pro မှာ ၆.၄ လက်မ Full HD+ Super AMOLED မျက်နှာပြင်နဲ့ 60Hz Refresh Rate ထည့်သွင်းထားပါတယ်။ Snapdragon 720G SoC မောင်းနှင်ထားပါတယ်။ အရှေ့ဘက်မှာ 32MP Punch Hole ကင်မရာနဲ့ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide, 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ထည့်ထားပါတယ်။

တန်ဖိုးကြီး X Series တွေမှာပဲ ထည့်ပေးထားတဲ့ 65W SuperDart Charging ပါလာတာက အရမ်းမိုက်ပြီး 7 Pro ရဲ့ 4,500mAh ဘက်ထရီကို ၃၄ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ realme က ကြေညာထားပါတယ်။

realme 7 Pro specifications

• 6.6-inch (2400 × 1080 pixels) 20:9 Full HD+ Super AMOLED screen, up to 600 nits brightness, 98% NTSC color gamut
• Octa Core Snapdragon 720G 8nm Mobile Platform (Dual 2.3GHz Kryo 465 A76 + Hexa 1.8GHz Kryo 465 A55 CPUs) with Adreno 618 GPU
• 6GB / 8GB LPPDDR4x RAM with 128GB (UFS 2.1) storage, expandable memory up to 256GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with realme UI
• 64MP rear camera with 1/1.73″ Sony IMX682 sensor, 0.8μm pixel size, f/1.7 aperture, LED flash, UIS/UIS Max, 8MP 119° ultra-wide angle lens with f/2.3 aperture, 2MP B&W portrait camera and 2MP 4cm macro sensor with f/2.4 aperture
• 32MP front camera with f/2.5 aperture
• In-display fingerprint sensor
• 3.5mm audio jack, Stereo speakers, Dolby Atmos, Hi-Res Audio
• Dimensions: 160.9×75.4×8.7mm; Weight: 182g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, Dual Frequency (L1 + L5) GPS, NavIC, USB Type-C
• 4500mAh (typical) battery with 65W VOOC SuperDart Charge fast charging, 18W PD/QC charge

Sun Kissed Leather Edition ရဲ့ 6/128GB ကို ၁၉,၉၉၉ ရူပီးနဲ့ 8/128GB ကို ၂၁,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၃ သိန်း ၅ သောင်းနဲ့ ၃ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena, fonearena

%d bloggers like this: