၇ ရက်နေ့ ကြေညာမယ့် realme 7i မှာ 90Hz မျက်နှာပြင်၊ SD662 နဲ့ 5,000mAh ဘက်ထရီ ပါမည်

realme က အောက်တိုဘာလ ၇ ရက်နေ့မှာ ပွဲ ၂ ခု ကျင်းပမှာပါ။ ဥရောပမှာ realme 7 , 7 Pro နဲ့ 125W UltraDart Charger ကို ကြေညာမှာပါ။ အိန္ဒိယမှာတော့ realme 7i နဲ့အတူ Buds Air Pro , Buds Wireless Pro နားကြပ်တွေကို ချပြတော့မှာပါ။


အခုတော့ realme အိန္ဒိယနဲ့ ဥရောပရဲ့ စီအီးအို Madhav Sheth က realme 7i ကို ဒီလ ၇ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီး သူ့မှာ 90Hz မျက်နှာပြင်၊ SD662 နဲ့ 5,000mAh ဘက်ထရီ ပါမယ်လို့ အသိပေးလိုက်ပါတယ်။ သူက တခြား Specs တွေကို မပြောသေးပေမယ့် realme 7i ကို အင်ဒိုနီးရှားမှာ ကြေညာထားပြီးပါပြီ။

သူ့မှာ ၆.၅ လက်မ HD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ တန်ဖိုးနည်းပေမယ့် Screen-to-body Ratio က ၉၀ ရာခိုင်နှုန်းတောင်ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက မိုက်ပါတယ်။ 16MP Punch Hole ကင်မရာကို အရှေ့ဘက်နဲ့ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Portrait နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

Snapdragon 662 SoC နဲ့ 8GB RAM , 128GB Storage တွေ ပါလာပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ အနောက်ဘက် Mirror ဒီဇိုင်းက လှပြီး 18W Charging ပါတဲ့ 5,000mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။

realme 7i specifications

• 6.5-inch (1600 x 720 pixels) HD+ LCD screen with 90Hz refresh rate,Corning Gorilla Glass protection
• Octa Core Snapdragon 662 11nm Mobile Platform (Quad 2GHz Kryo 260 + Quad 1.8GHz Kryo 260 CPUs) with Adreno 610 GPU
• 8GB LPDDR4x RAM, 128GB UFS 2.1 storage, expandable memory up to 256GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with realme UI
• 64MP rear camera with f/1.8 aperture, LED flash, 8MP 119° ultra-wide camear with f/2.2 aperture, 2MP B&W sensor, 2MP 4cm macro camera with f/2.4 aperture
• 16MP front-facing camera with Sony IMX471, f/2.1 aperture
• Rear-mounted fingerprint sensor
• 3.5mm audio jack
• Dimensions: 164.1×75.5×8.5~8.9mm; Weight: 188g
• Splash resistant (P2i coating)
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/ GLONASS/ Beidou, USB Type-C
• 5000mAh battery with 18W fast charging

Aurora Green နဲ့ Polar Blue ၂ ရောင် ထုတ်လုပ်ထားပြီး အင်ဒိုနီးရှား ရူပီး ၃,၁၉၉,၀၀၀ သတ်မှတ်ထားပါတယ်။ ၂ သိန်း ၈ သောင်းလောက် ရှိပြီး အိန္ဒိယ ရောင်းဈေးကို မသိရသေးပါဘူး။

Ref : fonearena

%d bloggers like this: