၁ သိန်းကျော်ပဲ ရှိမယ့် Poco C3 ကို ၆ ရက်နေ့ ကြေညာမည်

လက်ရှိ အိန္ဒိယမှာ ဈေးအချိုဆုံး ဖုန်းက Poco M2 ဖြစ်ပြီး ၁၀,၉၉၉ ရူပီးပဲ ရှိတဲ့အတွက် ၁ သိန်း ၉ သောင်းလောက်ရှိပါတယ်။ အခုတော့ သူ့ထက် ဈေးသက်သာတဲ့ Poco ဖုန်း ၁ လုံးကို မကြာခင် ကြေညာတော့မှာပါ။ သူကတော့ Poco C3 ဖြစ်ပြီး အဲဒီဖုန်းရဲ့ ဘူးခွံ ဓါတ်ပုံတွေ အိန္ဒိယကနေ မကြာခင်က ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဘူးခွံမှာ ၁၀,၉၉၀ ရူပီး သတ်မှတ်ထားတာတွေ့ရပြီး 4GB RAM+64GB Storage Version ဖြစ်ပါတယ်။ သူ့ကို ကြေညာမယ့်နေ့ကိုလည်း Poco က တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပြီး ဒီလ ၆ ရက်နေ့မှာ မိတ်ဆက်ပွဲ ပြုလုပ်မှာပါ။

Poco ဖုန်းတော်တော်များများဟာ Redmi ဖုန်းတွေကို နာမည်ပြောင်း ရောင်းချထားတာပါ။ Poco C3 ဟာလည်း မကြာခင်က ကြေညာခဲ့တဲ့ Redmi 9C ကို နာမည်ပြောင်း ရောင်းချတာလို့ သတင်းထွက်နေပါတယ်။ အဲဒီအတွက် Poco C3 ရဲ့ Specs တွေဟာ Redmi 9C နဲ့တူမှာပါ။ Redmi 9C ရဲ့ Specs တွေကို အောက်မှာ ပြန်လေ့လာနိုင်ပါတယ်။

Redmi 9C မှာ ၆.၅၃ လက်မ LCD Dot Drop Notch မျက်နှာပြင် ပါလာပြီး 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။ 2.3GHz MediaTek Octa-core Helio G35 Processor ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။

အနောက်ဘက်မှာ 13MP+5MP Ultrawide + 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး ထည့်ထားပါတယ်။ Redmi 9C ရဲ့ 2/32GB ကို ၁၁၉ ယူရိုနဲ့ 3/64GB ကို ၁၃၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၈ သောင်းနဲ့ ၂ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Redmi 9C specifications

• 6.53-inch (1600 x 720 pixels) HD+ 20:9 IPS LCD Dot Drop screen
• 2.3GHz Octa Core MediaTek Helio G35 processor with IMG PowerVR GE8320 GPU
• 2GB LPDDR4x RAM, 32GB (eMMC 5.1) storage, expandable memory up to 512GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with MIUI 11, upgradable to MIUI 12
• 13MP rear camera with LED flash, 5MP ultra-wide angle lens, 2MP depth sensor
• 5MP front camera
• Fingerprint sensor, IR sensor
• 3.5mm audio jack, FM Radio
• Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5, GPS + GLONASS, USB Type-C
• 5000mAh battery

Ref : fonearena

%d bloggers like this: