Xiaomi က GaN နည်းပညာ ပါတဲ့ Mi 65W Fast Charger ကို ကြေညာ

Xiaomi က Mi 10T Series တွေနဲ့အတူ GaN နည်းပညာ ပါတဲ့ Mi 65W Fast Charger ကို နိုင်ငံတကာအတွက် ကြေညာလိုက်ပါတယ်။ Xiaomi ဟာ တရုတ်မှာ ဒီနှစ် အစောပိုင်းကလည်း GaN Charger ၁ ခုကို မိတ်ဆက်ခဲ့ဖူးပါတယ်။ Mi 65W Fast Charger ဟာ အရွယ်အစား ကျစ်လစ် သေးငယ်ပြီး လက်ထဲ ဆုပ်ကိုင်ထားလို့ရပါတယ်။ သူက စမတ်ဖုန်း အပြင် USB Type-C Port ပါတဲ့ လက်ပ်တော့နဲ့ တခြား Accessory တွေကို အားသွင်းပေးနိုင်ပါတယ်။

သူ့မှာ စစ်တပ်နဲ့ အာကာသ နယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနေတဲ့ GaN (Gallium Nitride) Third-Generation “Black Technology” Semiconductor Material ထည့်သွင်းထားပါတယ်။ အပူချိန် လျှော့ချပေးနိုင်သလို အက်ဆစ် ခုခံမှု အားကောင်းတဲ့အတွက် တခြား Non-GaN Charger တွေထက် စွမ်းအင် ထုတ်လုပ်ပေးတာ ပိုကောင်းပါတယ်။ Mi 10 Pro ကို ၄၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Xiaomi Mi 65W Fast Charger specifications

• USB Type-C Port
• Output 15W (5V-3A) / 27W (9V-3A) 50W (10V-5A) / 36W (12V-3A) / 45W (15V-3A) / 65W (20V-3.25A)
• Dimensions: 30.8×30.8×56.3mm (Without plug)
• USB Type-C to Type-C Cable included
• Multiple protection features including over-voltage protection, input over current protection, output over current protection, short circuit protection, overheating protection, low electromagnetic interference, VPP, anti-static
• Supports Smartphones as well as Apple MacBooks and select Lenovo, HP, HUAWEI, HONOR, ASUS, Samsung laptops and Google Pixelbook

Mi 65W Fast Charger ကို ၂၉ ယူရို သတ်မှတ်ထားပြီး ၄ သောင်း ၄ ထောင်လောက် ကျသင့်ပါတယ်။ ဥရောပနဲ့ တခြားနိုင်ငံတွေမှာ မကြာခင် ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: