120Hz မျက်နှာပြင်နဲ့ SD750G 5G ပါတဲ့ Xiaomi Mi 10T Lite ကို ကြေညာ

Xiaomi က စွမ်းရည်သင့် 5G ဖုန်း အသစ် ၁ လုံးဖြစ်တဲ့ Mi 10T Lite ကို Mi 10T , Mi 10T Pro တို့နဲ့အတူ ကြေညာလိုက်ပါတယ်။ Mi 10T Lite မှာ ၆.၆၇ လက်မ FHD+ LCD မျက်နှာပြင်၊ 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ Snapdragon 750G SoC ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပြီး 5G ပါပါတယ်။ Android 10 အခြေပြု MIUI 12 မောင်းနှင်ထားပြီး အရှေ့နဲ့ အနောက်မှာ Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ၄ လုံးနဲ့ အရှေ့ဘက်မှာ 16MP Punch Hole ကင်မရာ ၁ လုံး ပါပါတယ်။ လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားပြီး 33W Fast Charging ပါတဲ့ 4,820mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။

Mi 10T Lite specifications

• 6.67-inch (1080 × 2400 pixels) Full HD+ 20:9 LCD 2.5D DotDisplay with 120Hz refresh rate, HDR10, 84% NTSC color gamut, 450 nits brightness, Corning Gorilla Glass 5 protection
• Octa Core (2.2GHz Dual + 1.8GHz Hexa Kryo 570 CPUs) Snapdragon 750G 8nm Mobile Platform with Adreno 619 GPU
• 6GB LPDDR4X RAM with 64GB / 128GB (UFS 2.1) storage
• Android 10 with MIUI 12
• Dual SIM (nano + nano + microSD)
• 64MP rear camera with Sony IMX682 sensor, LED Flash, f/1.89 aperture, 8MP 120° ultra-wide sensor with 1.12μm, f/2.2 aperture, 2MP depth and 2MP 4cm macro sensor with 1.75μm, f/2.4 aperture
• 16MP front-facing camera with f/2.45 aperture
• Side-mounted fingerprint sensor, IR sensor
• USB Type-C audio, Stereo speakers, Hi-Res audio
• Dimensions: 165.38×76.8×9mm; Weight:214.5g
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz) 2 x 2 MIMO, VoWiFi, Bluetooth 5, GPS/GLONASS/Beidou, USB Type-C
• 4820mAh battery with 33W fast charging

Rose Gold Beach, Pearl Gray နဲ့ Atlantic Blue ၃ ရောင် ထုတ်လုပ်ထားပါတယ်။ 6/64GB ကို ၂၈၀ ယူရိုနဲ့ 6/128GB ကို ၃၃၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်း ၃ သောင်းနဲ့ ၅ သိန်းလောက် အသီးသီး ကျသင့်မှာပါ။ ဥရောပမှာ ၁၃ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: