SD765G နဲ့ 90Hz မျက်နှာပြင်ပါတဲ့ Google Pixel 5 ကို ကြေညာ

Google က လတော်တော်ကြာ သတင်းတွေ ထွက်နေတဲ့ Pixel 5 ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆ လက်မ FHD+ OLED မျက်နှာပြင်နဲ့ 90Hz Refresh Rate ထောက်ပံ့ထားပြီး 5G ပါတဲ့ Snapdragon 765G Chipset မောင်းနှင်ထားပါတယ်။ Titan M Security Chip ပါလာတဲ့အတွက် လုံခြုံရေးအတွက် စိတ်ချရပါတယ်။ အနောက်ဘက်မှာ 12.2MP (OIS) နဲ့ 16MP Ultrawide ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။

ကင်မရာ လုပ်ဆောင်ချက်တွေ အနေနဲ့ ဟောလီးဝုဒ် ဒါရိုက်တာတွေ သုံးတဲ့ Cinematic Pan ၊ Low Light မှာတောင် Portrait တွေ ရိုက်ပေးနိုင်တဲ့ Night Sight တွေပါလာပါတယ်။ Google Photos ရဲ့ Editor အသစ်က ဓါတ်ပုံ ရိုက်ပြီးချိန်မှာ Portrait အတွက် စတူဒီယို အရည်အသွေး အလင်းရောင် ထည့်ပေးနိုင်လာပါတယ်။

လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး စွန့်ပစ် အလူမီနီယမ်တွေနဲ့ ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ထားတဲ့ ကိုယ်ထည်ပါလာပါတယ်။ Fast Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ထည့်သွင်းထားပြီး Qi Wireless Charging နဲ့ Reverse Charging ပါလာပါတယ်။

Google Pixel 5 specifications

• 6-inch (2340 x 1080 pixels) FHD+ OLED 90Hz HDR display, 432 PPI, Corning Gorilla Glass 6 protection
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 8GB LPDDR4X RAM, 128GB (UFS 2.1) storage
• Android 11
• Dual SIM (nano + eSIM)
• 12.2MP rear camera with f/1.7 aperture, LED flash, OIS, 16MP 107° Ultra-wide camera with f/2.2 aperture
• 8MP front camera with 84° ultra-wide lens, f/2.0 aperture
• Rear-mounted fingerprint scanner
• Water and dust Resistant (IP68)
• USB Type-C audio, Stereo speakers, 3 microphones
• Dimensions: 144.7 x 70.4 x 8.0mm; Weight: 151g
• 5G SA/NA 4G VoLTE, Wi-Fi 802.11ac 2×2 MIMO (2.4/5 GHz), Bluetooth 5.0 LE, GPS, USB Type C 3.1 (1st Gen), NFC
• 4000mAh battery with 18W fast charging, Qi wireless charging, reverse charging

Just Black နဲ့ Sorta Sage ၂ ရောင် ထုတ်လုပ်ထားပြီး ၆၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ၉ သိန်း ၁ သောင်းလောက် ကျသင့်မှာ ဖြစ်ပြီး ၁၅ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: