144Hz မျက်နှာပြင်၊ SD865 ပါတဲ့ Xiaomi Mi 10T နဲ့ Mi 10T Pro ကို ကြေညာ

Xiaomi က သတင်းများစွာ ထွက်နေတဲ့ Mi 10T နဲ့ Mi 10T Pro ကို ကြေညာလိုက်ပါတယ်။ သူတို့မှာ ၆.၆၇ လက်မ FullHD+ LCD မျက်နှာပြင်နဲ့ 144Hz Refresh Rate ထည့်သွင်းထားပြီး 5G ပါတဲ့ Snapdragon 865 Chipset မောင်းနှင်ထားပါတယ်။ Liquid Cooling နဲ့ Android 10 အခြေပြု MIUI 11 ပါလာပြီး အနောက်ဘက်ကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပါတယ်။ အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး NFC ထောက်ပံ့ထားပါတယ်။

Mi 10T Pro မှာ 108MP ပင်မကင်မရာ ပါလာပြီး OIS နဲ့ ပုံရိပ် အသေးစိတ် ဖမ်းယူပေးနိုင်တဲ့ Super Pixel နည်းပညာ ထည့်ထားပါတယ်။ Low-light တွေမှာတောင် ဓါတ်ပုံ အရည်အသွေး အရမ်းကို ကောင်းမှာပါ။ Mi 10T မှာတော့ 64MP ပင်မ ကင်မရာပဲ ပါလာပါတယ်။ ဖုန်း ၂ လုံးရဲ့ တခြား အနောက်ကင်မရာတွေက တူညီပြီး 13MP Ultrawide နဲ့ 5MP Super Macro တွေ ဖြစ်ပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားပြီး 33W Fast Charging က ၁ နာရီအတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Xiaomi Mi 10T / Mi 10T Pro specifications

• 6.67-inch (2340 × 1080 pixels) Full HD+ LCD screen with 144Hz refresh rate, 500 nits (typ) / 650 nits max brightness, HDR10, MEMC, 98% DCI-P3 Color Gamut, Corning Gorilla Glass 5 protection
• Octa Core (1 x 2.84GHz + 3 x 2.42GHz + 4 x 1.8GHz Hexa) Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 6GB / 8GB LPPDDR5 RAM with 128GB (UFS 3.1) storage for 10T / 8GB LPPDDR5 RAM with 128GB / 256GB (UFS 3.1) storage for 10T Pro
• Dual SIM (nano + nano)
• MIUI 12 based on Android 10
• Mi 10T — 64MP rear camera with IMX682 sensor, f/1.89 aperture, LED flash, 13MP 123° ultra-wide angle lens with f/2.4 aperture, 5MP 2cm-10cm macro lens with f/2.4 aperture, 8K video recording
• Mi 10T Pro — 108MP rear camera with Samsung HMX 1/ 1.33″ sensor, 0.8μm pixel size, f/1.69 aperture, OIS, LED flash, 13MP 123° ultra-wide angle lens, 5MP macro lens, 8K video recording
• 20MP front-facing camera with Samsung S5K3T2 sensor, f/2.2 aperture
• Side-mounted fingerprint sensor
• USB Type-C audio, Stereo speakers, Hi-res audio
• Dimensions: 165.1×76.4×9.33mm; Weight: 218g (Mi 10T Pro) ; 216g (Mi 10T)
• 5G SA/NSA Dual 4G VoLTE, Wi-Fi 6 802.11 ax (2.4GHz + 5GHz) 4×4 MIMO, Bluetooth 5.1, GPS (L1 + L5), NFC, USB Type-C
• 5000mAh (Typical) / 4920mAh (minimum) battery with 33W fast charging

Mi 10T အတွက် Cosmic Black နဲ့ Lunar Silver ၂ ရောင် ထုတ်လုပ်ထားပြီး 6/128GB အတွက် ယူရို ၅၀၀ နဲ့ 8/128GB အတွက် ယူရို ၅၅၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇ သိန်း ၇ သောင်းနဲ့ ၈ သိန်းခွဲလောက် အသီးသီး ကျသင့်မှာပါ။ Mi 10T Pro အတွက် Cosmic Black , Lunar Silver နဲ့ Aurora Blue ၃ ရောင်ထုတ်လုပ်ထားပြီး 8/128GB ကို ၆၀၀ ယူရိုနဲ့ 8/256GB ကို ၆၅၀ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၉ သိန်း ၂ သောင်းနဲ့ ၁၀ သိန်းလောက် အသီးသီး တန်ကြေးရှိပါတယ်။
Ref : fonearena

%d bloggers like this: