OPPO A93 ကို အောက်တိုဘာလ ၆ ရက်နေ့ ကြေညာမည်

OPPO မလေးရှားက နောက်ထုတ်မယ့် OPPO A93 ကို ကြေညာမယ့် အချိန်ကို ကြေညာလိုက်ပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့မှာ မိတ်ဆက်ပွဲ ပြုလုပ်မှာ ဖြစ်ပြီး သူ့ရဲ့ Specs နဲ့ ဓါတ်ပုံတွေကိုလည်း ဖော်ပြထားပါတယ်။ သူဟာ အိန္ဒိယမှာ မကြာခင်က ကြေညာခဲ့တဲ့ OPPO F17 Pro ကို နာမည်ပြောင်းရောင်းချတာပါ။

OPPO မလေးရှားက မျှဝေထားတဲ့ ပုံမှာ မျက်နှာပြင် ဘယ်ဘက် အထက်နားမှာ ဆေးတောင့်ပုံ Punch Hole ကင်မရာ ၂ လုံးနဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ ၇.၄၈ မီလီမီတာပဲ အထူရှိမှာ ဖြစ်ပြီး 8GB RAM , 128GB Storage ပါလာမှာ ဖြစ်ပါတယ်။ အဖြူရောင်ထုတ်လုပ်ထားတာ မြင်ရပါတယ်။


OPPO A93 ဟာ F17 Pro နဲ့ တူတဲ့အတွက် F17 Pro ရဲ့ သတင်းအချက်အလက်တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၄၃ လက်မ Full HD+ Super AMOLED မျက်နှာပြင် ပါလာပါတယ်။ Punch Hole မှာ 16MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့အတူ 2MP ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။ Android 10 အခြေပြု ColorOS 7.2 မောင်းနှင်ထားပြီး နိုဝင်ဘာလမှာ Android 11 ရမှာပါ။

4015mAh ဘက်ထရီနဲ့ 30W VOOC 4.0 Flash Charging ထောက်ပံ့ထားပြီး ၅ မိနစ်အားသွင်းရင် ၅ နာရီ ဖုန်း ပြောနိုင်ပါတယ်။ Magic Blue, Matte Black နဲ့ Metallic White ၃ ရောင်ထုတ်လုပ်ထားပါတယ်။

OPPO Reno F17 Pro specifications

• 6.43-inch (2400 × 1080 pixels) 20:9 Full HD+ Super AMOLED display with 800 nits brightness, Corning Gorilla Glass 3+ protection
• Octa Core MediaTek Helio P95 12nm processor (Dual 2.2GHz Cortex-A75 + Hexa 2GHz Cortex-A55 CPUs) with IMG PowerVR GM 9446 GPU
• 8GB LPPDDR4x RAM, 128GB storage, expandable memory up to 512GB with microSD
• Dual SIM (nano + nano + microSD)
• ColorOS 7.2 based on Android 10
• 48MP rear camera with f/1.7 aperture, Samsung GM1 sensor, LED flash, 8MP 119.9° ultra-wide angle lens with f/2.2 aperture, EIS, 2MP mono, 2MP mono lens with f/2.4 aperture
• 16MP front-facing camera with f/2.4 aperture, 2MP camera with f/2.4 aperture for portrait
• In-display fingerprint sensor
• 3.5mm audio jack, Hi-Res Audio
• Dimensions: 160.1×73.8×7.48mm; Weight: 164g
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 4010mAh (typcial) / 3920mAh (minimum) battery with 30W VOOC Flash Charge 4.0 fast charging

Ref : fonearena

%d bloggers like this: