OnePlus 8T မှာ OxygenOS 11 ပါလာမည်

OnePlus က 8T မှာ OxygenOS 11 ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ OxygenOS 11 ဟာ Android 11 ကို အခြေပြုထားတဲ့ ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် Operating System ဖြစ်ပါတယ်။ အဲဒီ OS ကို လက်ရှိမှာ OnePlus 8 နဲ့ 8 Pro တို့မှာ ရယူနိုင်ပါပြီ။ OnePlus 8T 5G ကို အိန္ဒိယမှာ အောက်တိုဘာလ ၁၄ ရက်နေ့ ကြေညာမယ်လို့ ကုမ္ပဏီက မကြာခင်က အတည်ပြုထားပါတယ်။

OnePlus က 8T မှာ 4,500mAh ဘက်ထရီနဲ့ 65W Charging ထည့်သွင်းထားမယ်လို့ ဗီဒီယို ၁ ခုနဲ့ မကြာခင်က အသိပေးလိုက်ပါတယ်။ ကုမ္ပဏီက 8T ရဲ့ 4,500mAh ဘက်ထရီကို ၁၅ မိနစ်မှာ ၅၈ ရာခိုင်နှုန်းနဲ့ ၃၉ မိနစ်မှာ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး ၁၅ မိနစ်အားသွင်းထားရင် ၁ နေ့လုံး အသုံးခံတယ်လို့ သတင်းပေးထားပါတယ်။ 65W Warp Charge Fast Charging ပါတဲ့ ပထမဆုံး OnePlus ဖုန်း ဖြစ်လာမှာပါ။ OnePlus 8T မှာ 2,250mAh ဘက်ထရီ ၂ လုံး ပူးတွဲထားတဲ့ ဒီဇိုင်းကို သုံးထားပါတယ်။ 8T ရဲ့ နောက်ထပ် အလန်းစား စွမ်းရည် ၁ ခုက တခြား ဖုန်းတွေနဲ့ လက်ပ်တော့တွေကိုပါ အားသွင်းပေးနိုင်တာပါ။

အရင်သတင်းတွေအရ OnePlus 8T မှာ အနောက်ကင်မရာ ၄ လုံးကို လေးထောင့်အကွက်ထဲမှာ ထည့်သွင်းထားမှာပါ။ 48MP Main, 16MP Wide-angle , 5MP Macro နဲ့ 2MP Portrait ကင်မရာ ၄ လုံး ဖြစ်ပါတယ်။ 32MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားမယ်လို့ သတင်းထွက်နေတဲ့အတွက် OnePlus Nord နဲ့ တူမှာပါ။ ပေါက်ကြားနေတဲ့ Specs တွေကို အောက်မှာ လေ့လာပါ။

OnePlus 8T rumoured specifications

• 6.55-inch (1080 x 2400 pixels) Full HD+ Fluid AMOLED display with 120Hz refresh rate, HDR 10+
• 2.84GHz Octa-Core Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 8GB RAM with 128GB storage / 12GB RAM with 256GB storage
• Android 11 with OxygenOS 11
• Dual SIM (nano + nano)
• 48MP rear camera, OIS + EIS Hybrid stabilization, 16MP 116° ultra-wide camera with f/2.2 aperture, 5MP macro camera, 2MP depth sensor
• 32MP front-facing camera
• In-display fingerprint sensor
• USB Type-C audio, Dual Stereo speakers, Dolby Atmos
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax 2X2 MIMO, Bluetooth 5.1, GPS (L1+L5 Dual Band) + GLONASS, USB Type-C
• 4500mAh battery with Warp Charge 65W fast charging

Ref : fonearena

%d bloggers like this: