Lenovo က ၂၀၁၉ မှာ ခေါက်ချိုး မျက်နှာပြင်ပါတဲ့ ကမ္ဘာ့ ပထမဆုံး တက်ဘလက်ကို ကြေညာခဲ့ပါတယ်။ ThinkPad X1 Fold လို့ နာမည်ပေးထားပြီး Windows Hello ထောက်ပံ့ထားတဲ့ ကင်မရာကို မျက်နှာပြင်ဘောင်မှာ ထည့်သွင်းထားပါတယ်။ သူ့မှာ ၁၃.၃ လက်မ OLED မျက်နှာပြင် သုံးထားပြီး LG Display က ထုတ်လုပ်ပေးထားတာပါ။
သူ့မှာ Windows 10 Pro မောင်းနှင်ထားပါတယ်။ Single Full Screen Mode လို သုံးနိုင်သလို App ၂ ခုကို ဘေးချင်းယှဥ်ပြီး တစ်ပြိုင်နက် သုံးနိုင်တဲ့ Dual Screen Mode လည်း ပါပါတယ်။ Portrait Mode နဲ့ သုံးရင် အောက်ခြေမှာ Screen Keyboard ကို သုံးနိုင်ပါတယ်။ မျက်နှာပြင်ကို ခေါက်ချိုးပြီး လက်ပ်တော့လို သုံးတာ ဖြစ်ပါတယ်။ အောက်ခြေ တစ်ခြမ်းပေါ်မှာ Bluetooth Keyboard တင်ပြီး သုံးလို့လည်း ရပါတယ်။ Kickstand ထောင်ပြီး Bluetooth Keyboard နဲ့ တွဲသုံးလည်း ရပါတယ်။ တက်ဘလက် ဆိုပေမယ့် လက်ပ်တော့လို့လည်း ပြောနိုင်ပါတယ်။
Intel Core i5 Processor မောင်းနှင်ထားပြီး 1TB NVMe SSD အထိ ရွေးချယ်နိုင်ပါတယ်။ 8GB RAM ပါလာပြီး 50 Wh ဘက်ထရီ ထည့်သွင်းထားပါတယ်။ ဘက်ထရီ သက်တမ်းက ၁၁ နာရီ ဖြစ်ပါတယ်။ တက်ဘလက်နဲ့ တွဲသုံးနိုင်တဲ့ Mod Pen Stylus ကိုလည်း ဖန်တီးပေးထားတဲ့အတွက် စာရေး၊ ပုံဆွဲရင် မိုက်ပါတယ်။
WiFi 6 ထောက်ပံ့ထားပြီး ဈေးကတော့ မသေးပါဘူး။ 256GB SSD မော်ဒယ်ကို ၂၄၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၃၂ သိန်းလောက်ရှိပါတယ်။
Ref : gsmarena
You must log in to post a comment.