Xiaomi က အိန္ဒိယမှာ Mi Smart LED Bulb ကို ကြေညာ

Xiaomi က အိန္ဒိယမှာ စမတ်မီးလုံး အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Xiaomi Mi Smart LED Bulb (White) လို့ နာမည်ပေးထားပြီး 7.5W Bulb ဖြစ်ပါတယ်။ စမတ် မီးလုံးဆိုတာကတော့ သူ့ကို ဝိုင်ဖိုင် ချိတ်ဆက်နိုင်ပြီး စမတ်ဖုန်း App ကနေ မီးပိတ်တာ၊ ဖွင့်တာတွေ ပြုလုပ်နိုင်ပါတယ်။ Amazon Alexa နဲ့ Google Assistant တို့ ပါတဲ့အတွက် မီးပိတ်တာ ၊ ဖွင့်တာ၊ အလင်းရောင်ချိန်ညှိတာ၊ Scene Modes ရွေးချယ်တာတွေကို အသံအမိန့်တွေနဲ့ ခိုင်းစေနိုင်ပါတယ်။

810 Lumens of Brightness အထိ ထောက်ပံ့ပေးနိုင်ပြီး B22 Socket ပါတဲ့အတွက် E27 / B22 Converter တွေ မလိုတော့ပါဘူး။ စမတ် မီးလုံးဟာ အဖြူရောင်ပဲ ထုတ်လုပ်ပေးနိုင်ပြီး အရင်မော်ဒယ်တွေမှာလို အရောင် ၁၆ သန်းလောက် မထုတ်လုပ်ပေးနိုင်ပါဘူး။ တစ်ရက်ကို ၆ နာရီ သုံးရင် ၇ နှစ်ကျော် သို့မဟုတ် နာရီပေါင်း ၁၅,၀၀၀ လောက် အသုံးခံတယ်လို့သိရပါတယ်။

Highlights of Mi LED Smart Bulb (White)
• Up to 810 lumens, scheduling, power on or off through the app
• Turn the light on or off, adjust the brightness, scene modes through Amazon Alexa or Google Assistant
• Doesn’t require a bridge, and can be connected to Wi-Fi (2.4GHz) via Mi Home App
• The bulb operates at an ambient temperature and the lightweight material provides even heat dissipation
• Over 7 years or 15,000 hours of long life span (with about 6 hours of use per day)

Mi LED Smart Bulb (White) ကို ၄၉၉ ရူပီး သတ်မှတ်ထားပြီး Mi.com ကနေ ရောင်းပေးနေပါပြီ။ မြန်မာငွေ ၈၈၀၀ လောက်ပဲ ရှိတဲ့အတွက် ရိုးရိုးမီးလုံးတွေနဲ့ ဈေးသိပ်မကွာပါဘူး။

Ref : fonearena

%d bloggers like this: