Xiaomi က အိန္ဒိယမှာ Mi Smart စပီကာကို ကြေညာ

Xiaomi က အိန္ဒိယမှာ Smarter Living Event ကနေ Mi Smart စပီကာကို ကြေညာလိုက်ပါတယ်။ 12W စပီကာမှာ အသံ ပတ်လည်ပြေးစနစ် ထည့်သွင်းထားပြီး DTS Sound ထောက်ပံ့ထားပါတယ်။ Bluetooth , Dual-band WiFi နဲ့ Voice Recognition အတွက် မိုက်ကရိုဖုန်း ၂ လုံး ထည့်ထားပါတယ်။

Google Home App နဲ့ ချိတ်ဆက်နိုင်ပြီး စမတ်နေအိမ် ကိရိယာတွေကို ထိန်းချုပ်နိုင်ပါတယ်။ သီချင်းဖွင့်တာ၊ ရာသီဥတု အခြေအနေတွေ မေးတာလို အလုပ်တွေကို အသံအမိန့်နဲ့ ခိုင်းစေနိုင်ပါတယ်။ Chromecast စွမ်းရည်ကို အသုံးပြုပြီး ရုပ်ရှင်၊ သီချင်းတွေကို တီဗီနဲ့ စမတ်စပီကာမှာ ကြည့်ရှု နားဆင်နိုင်ပါတယ်။

Mi Smart Speaker specifications

• Bluetooth 4.2, supports A2DP, Works with Android 4.4 and iOS 9.0 or above
• Wi-Fi 2.4GHz / 5GHz
• Dual mics with far field voice wake up support
• 2.5″ full frequency 12W speaker with 63.5mm sound driver,
• 10531 sound hole around the speaker, Matte-stone black finish with 0.7mm metal mesh casing
• Touch control for play/pause, music controls on the top
• Option to switch off mic when needs
• Texas Instruments’ TAS5805M Hi-Fi Audio Processor
• Ring strip on the top with music lighting effect
• Dimensions: 131x104x151mm; Weight: 853g

အနက်ရောင် ထုတ်လုပ်ထားပြီး ၃၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၇ သောင်းလောက်ပဲ ရှိပြီး နောက်လ ၁ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: