90Hz Refresh Rate နဲ့ SD460 ပါတဲ့ OPPO A33 ကို ကြေညာ

OPPO က အိန္ဒိယမှာ A53 ကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီး အခုတော့ အင်ဒိုနီးရှားမှာ သူ့ကို ကြေညာလိုက်ပါတယ်။ သူနဲ့အတူ OPPO A33 ဖုန်း အသစ်ကိုပါ ချပြလိုက်ပါတယ်။ သူတို့ ၂ လုံးဟာ Specs တော်တော်များများ တူညီပြီး အဲဒီထဲမှာ Snapdragon 460 Chipset နဲ့ ၆.၅ လက်မ LCD 90Hz 720p မျက်နှာပြင်တွေ ပါပါတယ်။ ကွဲပြားချက်က မန်မိုရီနဲ့ ကင်မရာတွေ ဖြစ်ပါတယ်။

A33 မှာ 3GB RAM နဲ့ 32GB Storage ပါလာပြီး 256GB microSD Card စိုက်နိုင်ပါတယ်။ A53 ကိုတော့ အင်ဒိုနီးရှားမှာ 6/128GB မော်ဒယ်ပဲ ရောင်းပေးထားပါတယ်။ A33 ရဲ့ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပြီး A53 မှာ 16MP ထည့်ထားတာပါ။

A33 ရဲ့ အနောက်ဘက်မှာ 13MP , 2MP Depth နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 5,000mAh ဘက်ထရီနဲ့ Android 10 အခြေပြု ColorOS 7.2 မောင်းနှင်ထားပါတယ်။ Mint Green နဲ့ Midnight Black ၂ ရောင် ထုတ်လုပ်ထားပြီး အင်ဒိုနီးရှားမှာ ၁၅၅ ဒေါ်လာလောက်နဲ့ ရောင်းမှာပါ။ ၂ သိန်းလောက်ပဲရှိပြီး နောက်လ ၁ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena

%d bloggers like this: