AMOLED မျက်နှာပြင် ပါတဲ့ Xiaomi Mi Watch Revolve ကို ကြေညာ

Xiaomi က အိန္ဒိယမှာ စမတ်နာရီ အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Mi Watch Revolve လို့ နာမည်ပေးထားပြီး ၁.၃ လက်မ AMOLED မျက်နှာပြင် ပါလာပါတယ်။ Gorilla Glass 3 နဲ့ ကာကွယ်ထားပြီး ၄၆ မီလီမီတာ အရွယ်အစား ရှိပါတယ်။ Watch Face ပေါင်း ၁၁၂ ခုတောင် ပါတဲ့အတွက် စိတ်ကြိုက်ရွေးလို့ရပါတယ်။ Stainless Steel ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး အားကစားနည်း ၁၀ မျိုးကို တိုင်းတာပေးနိုင်ပါတယ်။

နှလုံးခုန်နှုန်း၊ အိပ်စက်မှု၊ စိတ်ဖိစီးမှုတွေကို တိုင်းတာပေးနိုင်ပါတယ်။ GPS ပါတဲ့အတွက် တည်နေရာ လမ်းညွှန်မှုတွေ သုံးနိုင်ပြီး ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပါတယ်။ ရေကူး၊ ရေငုပ်ရင် ဝတ်ဆင်လို့ရပြီး ဘက်ထရီ သက်တမ်းက ၁၄ ရက်တောင် ခံပါတယ်။

Xiaomi Mi Watch Revolve specifications

• 1.39-inch (454 × 454 pixels) AMOLED screen with 450 nits brightness, Smart always-on display, Corning Gorilla Glass 3 protection
• Bluetooth 5.0, GPS, GLONASS
• Compatibility: Android 4.4 and above; iOS
• Heart rate sensor, acceleration sensor, gyroscope, geomagnetic sensor, barometric sensor, ambient light sensor
• Sleep tracking, Fitness tracking, 10 sports modes
• Heart rate variability, Energy level and stress level tracking
• Dimensions: 46.2 x 53.3 x 11.4mm
• Water resistant up to 50 meters (5 ATM)
• 420mAh battery with up to 14 days battery life

Xiaomi Mi Watch Revolve အတွက် Space Black လက်ပတ်ကြိုးပါတဲ့ Midnight Black နဲ့ Neptune Blue လက်ပတ်ကြိုးပါတဲ့ Chrome Silver တွေ ထုတ်လုပ်ထားပြီး ၁၀,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၉ သောင်းလောက်ရှိပြီး နောက်လ ၆ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: