ကင်မရာ ၆ လုံး ပါတဲ့ OPPO Reno4 Z 5G ကို ကြေညာပြီ

OPPO က ဧပြီလတုန်းက A92s ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ထိုင်ဝမ်မှာ OPPO Reno4 Z 5G ကို မိတ်ဆက်လိုက်ပါတယ်။ သူတို့ ၂ လုံးဟာ ဒီဇိုင်းနဲ့ Specs အားလုံး တူညီပေမယ့် OPPO Reno4 Z 5G အတွက် 8GB / 128GB Version ၁ မျိုးပဲ ထုတ်လုပ်ထားသလို အဖြူနဲ့ အနက်ရောင်ပဲ ပါလာပြီး ပန်းရောင် မပါလာပါဘူး။

သူ့မှာ ၆.၅၇ လက်မ FHD+ LCD မျက်နှာပြင် ပါလာပါတယ်။ 120Hz Refresh Rate တပ်ဆင်ထားပြီး Punch Hole မှာ 16MP နဲ့ 2MP ကင်မရာ ၂ လုံး ထည့်ထားပါတယ်။ Octa-core MediaTek Dimensity 800 7nm SoC မောင်းနှင်ထားပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါပါတယ်။

အနောက်ဘက်ကို 3D Glass နဲ့ ဖုံးအုပ်ထားပြီး ဘေးဘက် လက်ဗွေရာ ကိရိယာပါပါတယ်။ 18W Fast Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ထည့်ထားပါတယ်။

OPPO Reno4 Z 5G specifications

• 6.57-inch (1080 × 2400 pixels) Full HD+ 20:9 LCD screen with 120Hz refresh rate
• Octa Core (4 x 2GHz Cortex-A76 + 4 x 2GHz Cortex-A55 CPUs) MediaTek Dimensity 800 (MT6873V) 7nm processor
• 8GB LPDDR4X RAM with 128GB (UFS 2.1) storage
• Android 10 with ColorOS 7.1
• Dual SIM
• 48MP rear camera with Sony IMX586 sensor, f/1.7 aperture, LED flash, 8MP ultra-wide angle lens, 2MP macro lens, 2MP portrait lens
• 16MP front-facing camera with Sony IMX471 sensor, f/2.0 aperture, 2MP depth sensor
• Side-mounted fingerprint sensor
• Dimensions: 163.8×75.5×8.1mm; Weight: 184g
• 3.5mm audio jack
• 5G (SA/ NSA) / Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/GLONASS/Beidou, USB Type-C
• 4000mAh (Typical) / 3890mAh (Minimum) battery with 18W fast charging

OPPO Reno4 Z 5G အတွက် အနက်နဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပါတယ်။ ထိုင်ဝမ် ဒေါ်လာ ၁၂,၉၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၈ သောင်းလောက် ရှိပါတယ်။

Ref : fonearena

%d bloggers like this: