အကြမ်းခံတဲ့ Samsung Galaxy Tab Active3 ကို ကြေညာ

Samsung က အကြမ်းခံတဲ့ Galaxy Tab Active3 ကို ကြေညာလိုက်ပါတယ်။ သူဟာ MIL-STD-810H လက်မှတ် ရထားပြီး Protective Cover တပ်ထားရင် အမြင့် ၁.၅ မီတာကနေ ပြုတ်ကျတာတောင် ဘာမှမဖြစ်ပါဘူး။ IP68 စံနှုန်းရှိပြီး ရေစိုခံသလို နောက် ၃ နှစ်အထိ Android OS Update ရမှာပါ။ Samsung Knox လုံခြုံရေး စနစ် ထည့်သွင်းထားတဲ့အတွက် သတင်းအချက်အလက်တွေ ခိုးယူခံရမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ S Pen Stylus ပါတဲ့အတွက် ပုံဆွဲ၊ စာရေးရင် မိုက်ပါတယ်။

ကင်မရာ အခြေပြု Barcode Scan လုပ်တဲ့ နည်းပညာကို အထူး ပြုလုပ်ပေးထားပြီး ကုန်ပစ္စည်းတွေကို Scan လုပ်ကာ မြန်မြန် ဝယ်ယူနိုင်ပါတယ်။ NFC ဆက်သွယ်မှုကနေ ငွေပေးချေတာတွေ ပြုလုပ်နိုင်ပြီး ၈ လက်မ WUXA မျက်နှာပြင်ပါလာပါတယ်။ Touch Sensitivity နည်းပညာက လက်အိတ်ဝတ်ထားရင်တောင် မျက်နှာပြင်ကို ထိတွေ့ အသုံးပြုနိုင်စေပါတယ်။ WiFi နဲ့ 4G Version ၂ မျိုးထုတ်လုပ်ထားပြီး 5050mAh ဘက်ထရီ ပါလာပါတယ်။

Samsung Galaxy Tab Active3 specifications

• 8.0-inch (1920 x 1200 pixel) WXGA PLS TFT LCD screen
• Octa-Core Samsung Exynos 9 Series 9810 processor with Mali G72MP18 GPU
• 4GB RAM, 64GB / 128GB internal memory, expandable memory up to 1TB with microSD
• Android 10
• 13MP autofocus rear camera with LED flash
• 5MP front-facing camera
• IP68 certification for dust and water resistance, 1.5m Anti-shock with inbox protective cover, MIL-STD-810H
• Fingerprint Sensor
• S Pen (IP68 Certified)
• Dimensions: 126.8 x 213.8 x 9.9mml; Weight: 426g (WiFi) / 429g (LTE)
• 4G LTE, Wi-Fi 802.11 ax (2.4GHz+5GHz), Bluetooth 5.0, GPS / GLONASS, NFC, USB 2.0 Type C
• 5050mAh (user-replaceable) battery

Samsung Galaxy Tab Active3 အတွက် အနက်ရောင် ထုတ်လုပ်ထားပြီး ၄၇၇ ယူရို သတ်မှတ်ထားပါတယ်။ ၇ သိန်း ၂ သောင်းလောက်တန်ကြေးရှိပြီး ဥရောပနဲ့ အာရှ နိုင်ငံတွေမှာ ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: