Google Maps မှာ Car Mode UI ကို စမ်းသပ်နေ

Google Maps App မှာ UI အသစ် ၁ ခုကို စမ်းသပ်နေတယ်လို့ သတင်းထွက်လာပြီး Car Mode UI ကို တွေ့လာရပါတယ်။ အဲဒီ UI အသစ်ဟာ လက်ရှိမှာ ထည့်ထားတဲ့ In-car Navigation UI ကို အစားထိုးလာနိုင်ပါတယ်။ UI အသစ်ရဲ့ ခလုတ်နဲ့ Home Screen ဟာ Android Auto ရဲ့ လက်ရှိ Google Maps App နဲ့ တူနေပါတယ်။

အောက်ခြေက Music Controls အပါအဝင် ပင်မ Maps Screen နဲ့ Navigation တွေကို မပြောင်းလဲထားပါဘူး။ အခုဆိုရင် ခလုတ် ၂ ခု ပါလာပါတယ်။ ဘယ်ဘက် မိုက်ကရိုဖုန်း ခလုတ်ဟာ Google Assistant ကို ဆင့်ခေါ်နိုင်ပြီး ညာဘက်က Menu ခလုတ်မှာ Screen အသစ်ကို ပြသပေးမှာပါ။

အဲဒီ Screen ဟာ Android Auto UI နဲ့ တူနေပြီး Calls, Messages, Other Messaging Apps, Podcasts နဲ့ YouTube Music တို့လို သင့် စမတ်ဖုန်းမှာ ပါတဲ့ Apps အများစုနဲ့အတူ အရွယ်ကြီး ခလုတ်တွေ ထည့်ထားပါတယ်။

Car Mode UI အသစ်ကို Server Side နဲ့ စမ်းသပ်နေတာ ဖြစ်ပြီး သုံးစွဲသူ တချို့မှာတော့ အသုံးပြုလို့ရနေပါပြီ။ လက်ရှိမှာ Google က စမ်းသပ်နေဆဲ အဆင့်မှာပဲ ရှိသေးပြီး အဆင်ပြေရင်တော့ တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိပေးမှာပါ။

Ref : fonearena

%d bloggers like this: