တန်ဖိုးနည်း Samsung Galaxy Tab A7 ကို အိန္ဒိယမှာ ကြေညာပြီ

Samsung က စွမ်းရည်သင့် တန်ဖိုးနည်း တက်ဘလက် အသစ် ၁ လုံးကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ Galaxy Tab A7 (2020) လို့ နာမည်ပေးထားပြီး WiFi နဲ့ LTE မော်ဒယ်တွေ ထုတ်လုပ်ထားပါတယ်။ သူ့မှာ ၁၀.၄ လက်မ WUXGA+ TFT မျက်နှာပြင် ထည့်သွင်းထားပြီး Octa-core Snapdragon 662 SoC မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာတွေ ထည့်သွင်းထားပြီး ဘက်ထရီက 7,040mAh ဖြစ်ပါတယ်။

Samsung Galaxy Tab A7 specifications

• 10.4-inch (2000×1200 pixel) WUXGA+ TFT display
• Octa Core Snapdragon 662 11nm Mobile Platform (Quad 2GHz Kryo 260 + Quad 1.8GHz Kryo 260 CPUs) with Adreno 610 GPU
• 3GB RAM, 32GB /64GB storage, expandable memory up to 1TB with microSD
• Android 10
• 8MP rear camera
• 5MP front-facing camera
• 3.5mm audio jack, Quad Speakers, Dolby Atmos
• Dimensions:247.6x 157.4 x 7.0mm; Weight: 476g (Wi-Fi), 477g (LTE)
• 4G LTE (Optional), Wi-Fi 802.11 ac (2.4GHz/5GHz), Wi-Fi Direct, Bluetooth 5 LE, GPS, GLONASS, USB 2.0 Type-C
• 7,040mAh battery

Samsung Galaxy Tab A7 အတွက် Dark Gray , Silver နဲ့ Gold အရောင်တွေ ထုတ်လုပ်ထားပြီး WiFi Version ကို ၁၇,၉၉၉ ရူပီးနဲ့ 4G Version ကို ၂၁,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃ သိန်း ၂ သောင်းနဲ့ ၃ သိန်း ၉ သောင်းလောက်အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Ref : fonearena

%d bloggers like this: