Xiaomi Mi 10T နဲ့ Mi 10T Pro တို့ရဲ့ Specs အပြည့်အစုံ ပေါက်ကြားထွက်ပေါ်လာ

Xiaomi Mi 10T Series တွေကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ အွန်လိုင်းကနေ မိတ်ဆက်ပွဲ ပြုလုပ်မှာ ဖြစ်ပြီး Xiaomi Mi 10T, Mi 10T Pro နဲ့ Mi 10T Lite မော်ဒယ် ၃ မျိုး ထွက်လာနိုင်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ Xiaomi Mi 10T နဲ့ Mi 10T Pro တို့ရဲ့ Specs အပြည့်အစုံ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီ ဖုန်း ၂ လုံးရဲ့ အဓိက ကွာခြားချက်က အရင်သတင်းထွက်ခဲ့သလိုပဲ Pro မှာ 108MP နဲ့ Mi 10T မှာ 64MP Main ကင်မရာတွေ ပါလာမှာပါ။ ဖုန်း ၂ လုံးစလုံးအတွက် 128GB Storage ပါလာမှာ ဖြစ်ပြီး Pro အတွက် 256GB ပါ ရွေးချယ်နိုင်မှာပါ။ Specs အပြည့်အစုံကို အောက်က ဓါတ်ပုံတွေမှာ လေ့လာနိုင်ပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ Snapdragon 865 Chipset နဲ့ 8GB LPDDR5 RAM ပါလာမှာဖြစ်ပြီး နောက်ဆုံးပေါ် UFS 3.1 Storage ထောက်ပံ့ထားမှာပါ။ ၆.၆၇ လက်မ FullHD LCD မျက်နှာပြင်နဲ့ 20:9 Aspect Ratio ပါလာမှာဖြစ်ပြီး ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားမှာပါ။ 144Hz Refresh Rate, Bluetooth 5.1 , WiFi 6 တွေ ထောက်ပံ့ထားမှာဖြစ်ပြီး နားကြပ်ပေါက် မပါပါဘူး။ 33W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး ယူရို ၅၅၀ နဲ့ ၇၀၀ ကြားရှိနိုင်ပါတယ်။

အသစ်စက်စက်ကြေညာထားတဲ့ Snapdragon 750G Chipset ကို Mi 10T Lite မှာ ထည့်သွင်းထားနိုင်ပြီး ယူရို ၃၀၀ အောက်နဲ့ ရောင်းနိုင်ပါတယ်။ လာမယ့် ၃၀ ရက်နေ့မှာ သူတို့ရဲ့တရားဝင် သတင်းအချက်အလက်တွေကို သိရတော့မှာပါ။

Ref : gsmarena

%d bloggers like this: