Google Pixel 5 နမူနာမော်ဒယ်ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Google က Pixel 4a 5G နဲ့ Pixel 5 ကို စက်တင်ဘာလ ၃၀ ရက်နေ့ မိတ်ဆက်မယ်လို့ မကြာခင်ကပဲ အတည်ပြုခဲ့ပါတယ်။ Pixel 5 ကို အောက်တိုဘာလ ၁၅ ရက်နေ့နဲ့ Pixel 4a 5G ကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ရောင်းမယ်လို့ မကြာခင်ကပဲ သတင်းထွက်လာပါတယ်။ Pixel 4a 5G ကို ၄၉၉ ဒေါ်လာနဲ့ ရောင်းမယ်လို့ သတင်းထွက်နေပြီး မြန်မာငွေ ၆ သိန်းခွဲလောက်ကျသင့်မှာပါ။ Pixel 5 ကို ၆၉၉ ဒေါ်လာနဲ့ ရောင်းချနိုင်ပြီး မြန်မာငွေနဲ့တွက်ရင် ၉ သိန်း ၁ သောင်းလောက် ကျသင့်မှာပါ။

အခုတော့ Pixel 5 နမူနာမော်ဒယ်ရဲ့ ဓါတ်ပုံ ၁ ပုံ ထွက်လာပါတယ်။ နမူနာမော်ဒယ်လို့ ပြောရတာကတော့ သူ့မှာ ၂၀၁၆ ထုတ် ပထမမျိုးဆက် Pixel ရဲ့ Two-tone ဒီဇိုင်းကို သုံးထားပြီး အောက်တစ်ပိုင်းကို ဖန်နဲ့ အုပ်ထားပါတယ်။ နောက် ၁ ချက်က သေချာကြည့်ရင် နားကြပ်ပေါက်လည်း ပါတာတွေ့ရပြီး ခုနောက်ပိုင်းထွက်လာတဲ့ Pixel 5 ဓါတ်ပုံတွေမှာတော့ နားကြပ်ပေါက် မပါပါဘူး။ အဲဒီအတွက် အခုဓါတ်ပုံဟာ နမူနာမော်ဒယ်ပဲ ဖြစ်နိုင်ပါတယ်။

အရင်သတင်းတွေအရ Pixel 5 အတွက် Just Black နဲ့ Subtle Sage ၂ ရောင် ထုတ်လုပ်ထားမှာပါ။ Pixel 4a 5G အတွက် Just Black ၁ ရောင်ပဲ ထုတ်လုပ်ထားမှာဖြစ်ပြီး Clearly White အရောင်လည်း ထွက်လာနိုင်ပါတယ်။ ကြိုတင်မှာယူခွင့်ကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

သူတို့ရဲ့ Specs အပြည့်အစုံ မကြာခင်က ထွက်လာပါတယ်။ သူတို့မှာ FHD+ OLED မျက်နှာပြင်၊ Snapdragon 765G SoC ၊ 12.2M PMain , 16MP Ultrawide တွေ ပါလာမှာ ဖြစ်ပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားမှာပါ။ ပေါက်ကြားလာတဲ့ Specs အပြည့်အစုံကို အောက်မှာ လေ့လာပါ။

Google Pixel 5 rumoured specifications

• 6-inch (2340 x 1080 pixels) FHD+ OLED 90Hz HDR display, 432 PPI, Corning Gorilla Glass 6 protection
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 8GB LPDDR4X RAM, 128GB (UFS 2.1) storage
• Android 11
• Dual SIM (nano + eSIM)
• 12.2MP rear camera with f/1.7 aperture, LED flash, OIS, 16MP 107° Ultra-wide camera with f/2.2 aperture
• 8MP front camera with 84° ultra-wide lens, f/2.0 aperture
• Rear-mounted fingerprint scanner
• Water and dust Resistant (IP68)
• USB Type-C audio, Stereo speakers, 3 microphones
• Dimensions: 144.7 x 70.4 x 8.0mm; Weight: 151g
• 5G SA/NA 4G VoLTE, Wi-Fi 802.11ac 2×2 MIMO (2.4/5 GHz), Bluetooth 5.0 LE, GPS, USB Type C 3.1 (1st Gen), NFC
• 4000mAh battery with 18W fast charging, Qi wireless charging, reverse charging

Google Pixel 4a 5G rumoured specifications

• 6.2-inch (2340 x 1080 pixels) FHD+ OLED HDR display, 413 PPI, Corning Gorilla Glass 3 protection
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 6GB LPDDR4X RAM, 128GB (UFS 2.1) storage
• Android 11
• Dual SIM (nano + eSIM)
• 12.2MP rear camera with f/1.7 aperture, LED flash, OIS, 16MP 107° Ultra-wide camera with f/2.2 aperture
• 8MP front camera with 84° ultra-wide lens, f/2.0 aperture
• Rear-mounted fingerprint scanner
• 3.5mm audio jack, Stereo speakers, 2 microphones
• Dimensions: 153.9 x 74.0 x 8.2 mm; Weight: 168g
• 5G SA/NA 4G VoLTE, Wi-Fi 802.11ac 2×2 MIMO (2.4/5 GHz), Bluetooth 5.1 LE, GPS, USB Type-C, NFC
• 3800mAh battery with 18W fast charging

Ref : fonearena

%d bloggers like this: