0 Shares 38 Views

နောက်ဆုံးပေါ်ပရိုဆက်ဆာသုံးကွန်ပြူတာတွေမှာ Windows 10 သာ လည်ပတ်နိုင်မှာဖြစ်ကြောင်း Microsoft ကြေငြာ

Jan 19, 2016
0 38

windows-10-050116

Microsoft ဟာ Windows 10 လည်ပတ်မှုစနစ် (OS) ကို သုံးစွဲသူတွေပြောင်းသုံးအောင် တွန်းအားပေးတဲ့အနေနဲ့၊ ပရိုဆက်ဆာအသစ်တွေမှာ အရင် Windows ဗားရှင်းအဟောင်းတွေကို ထောက်ပံ့မှု ပေးဖို့ ရပ်ဆိုင်းမှာဖြစ်ကြောင်း သောကြာနေ့က ထုတ်ဖော်ကြေငြာလိုက်ပါတယ်။

“ Intel ရဲ့ နောက်ထွက်မယ့် ‘Kaby Lake’ မိုက်ခရိုချစ်၊ Qualcomm ရဲ့ ‘8996’ မိုက်ခရိုချစ်၊ AMD ရဲ့ မကြာခင်ထွက်မယ့် ‘Bristol Ridge’ မိုက်ခရိုချစ်တွေ သုံးထားတဲ့ကွန်ပြူတာတွေမှာ Windows 10 တစ်ခုကိုပဲ သုံးလို့ရမှာဖြစ်တယ်” လို့ Microsoft ရဲ့ တရားဝင်ဘလော့ဂ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဒီလိုပေါ်လစီအသစ်ကြောင့် နောက်ဆုံးပေါ်ပရိုဆက်ဆာအသစ်တွေအသုံးပြုထားတဲ့ကွန်ပြူတာတွေမှာ Windows 8 နဲ့ Windows 7 အပါအ၀င် ဗားရှင်း အဟောင်းတွေကို အရေးကြီးတဲ့ လုံခြုံရေးဆိုင်ရာ update တွေ ပေးမှာမဟုတ်တော့ဘဲ၊ Windows စနစ် ကောင်းကောင်းလည်ပတ်မှုမရှိတာတွေပါဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ယခုပေါ်လစီအသစ်မှာ မကြာသေးမီကထွက်ရှိခဲ့တဲ့ Intel ရဲ့ ဆဌမမြောက်မျိုးဆက် Skylake ပရိုဆက်ဆာတွေလည်း ပါဝင်ပြီး၊ ဒီပရိုဆက်ဆာတွေအသုံးပြုထားတဲ့စက်တွေအနေနဲ့ Windows 7 နဲ့ Windows 8.1 သုံးစွဲမှုကို ရရှိနိုင်မှာဖြစ်ပေမယ့်လည်း ၂၀၁၇ ခုနှစ်၊ ဂျူလိုင်လ ၁၇ ရက်နေ့ထိသာ ဆက်လက်ထောက်ပံ့မှုရရှိမှာဖြစ်ပါတယ်။ ဒီရက်ကျော်ရင်တော့ နောက်ထပ် အရေးကြီး update တွေ ရဖို့အတွက် Windows 10 ကို ပြောင်းတင်ရမှာဖြစ်တယ်လို့သိရပါတယ်။

Ref: The Verge

 

 

 

 

You may be interested

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????
Vivo
0 shares0 views

ဈေးကွက်ထဲ ထိုးဖောက်ယှဉ်ပြိုင်လာနိုင်မှာက V7 များဖြစ်လေမလား????

Nwe Oo - Nov 25, 2017

Vivo V7 ဖုန်းတွေကို မြန်မာနိုင်ငံဈေးကွက်ထဲ နိုဝင်ဘာလတတိယပတ်ကစပြီး ဖြန့်လိုက်ပါပြီ။ V7+ ထက်တော့ ဈေးနည်းပေမယ့် သုံးရတဲ့ experience တွေကတော့ V7+ နဲ့ V7 တူတူလောက်ပါပဲ။ ဈေးနှုန်းလျော့သွားတယ်ဆိုတော့ ဒါ ဈေးကွက်မှာ အပြိုင်နေရာယူတော့မယ့်ပုံစံပါပဲ။ သုံးရတာချင်းသိပ်မကွာဘူး ဈေးနှုန်းကျကွာသွားတယ်ဆိုတော့ V7…

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares17 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
93 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

Most from this category