OPPO A33 (2020) ကို ထိုင်းမှာ မှတ်ပုံတင်လိုက်ပြီ

OPPO က ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ A33 ကို ကြေညာခဲ့ပြီး အခုတော့ နှစ်များစွာ အကြာမှာ သူ့ရဲ့ မျိုးဆက်သစ်ကို ကြေညာရမယ့် အချိန်ရောက်လာပါပြီ။ မော်ဒယ်နံပါတ် CPH2137 သတ်မှတ်ထားတဲ့ OPPO A33 (2020) ကို ထိုင်းက NBTC မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပါတယ်။ သူ့ကို အင်ဒိုနီးရှားရဲ့ TKDN နဲ့ အိန္ဒိယရဲ့ BIS မှာလည်း မှတ်ပုံတင်ထားပါတယ်။

OPPO A33 (2020) ရဲ့ Specs တွေကို လက်ရှိမှာ မသိရသေးပါဘူး။ သေချာတာကတော့ ၅ နှစ်လောက်ကြာပြီးမှ ထွက်လာတဲ့ မျိုးဆက်သစ် စမတ်ဖုန်းဟာ ပထမမျိုးဆက်ထက် အများကြီး ပိုကောင်းလာမှာ ဖြစ်ပါတယ်။

ပထမမျိုးဆက် OPPO A33 မှာ Qualcomm Snapdragon 410 Chipset မောင်းနှင်ထားပြီး ၅ လက်မ မျက်နှာပြင် အရွယ်အစား ပါပါတယ်။ LCD အမျိုးအစား ဖြစ်ပြီး 960x540pixels Resolution ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံးစီပဲ ထည့်သွင်းထားပါတယ်။ 2,400mAh ဘက်ထရီနဲ့ microUSB Port ပဲ ပါလာပါတယ်။ အဲဒီအချိန်တုန်းကတော့ အဲဒီ Specs တွေဟာ အိုကေပေမယ့် အခုအချိန်မှာတော့ ရီစရာ ဖြစ်နေမှာပါ။

Ref : gsmarena

%d bloggers like this: