Xiaomi Mi Band 5 နဲ့ Mi Watch Revolve ရဲ့ အိန္ဒိယ ရောင်းဈေး ထွက်ပေါ်လာ

Xiaomi က Mi Band 5 စမတ်လက်ပတ်နဲ့ Mi Watch Revolve စမတ်နာရီကို မနက်ဖြန် အိန္ဒိယမှာ ကြေညာတော့မှာပါ။ အခုတော့ သူတို့ရဲ့ ဈေးနှုန်းတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ၂၅၀၀ နဲ့ ၁၀၀၀၀ ရူပီးလောက်နဲ့ အသီးသီး ရောင်းချမှာ ဖြစ်ပြီး ၄ သောင်းခွဲနဲ့ ၁ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာပါ။


Mi Band 5 ကို တရုတ်မှာ ဇွန်လကတည်းက ကြေညာခဲ့တာ ဖြစ်ပြီး သူ့မှာ ၁.၁ လက်မ AMOLED Color မျက်နှာပြင် ပါလာပါတယ်။ အရင်မျိုးဆက်ထက် ၂၀ ရာခိုင်နှုန်း ပိုကြီးလာတဲ့အတွက် စာတွေ ပိုမြင်လာရပါတယ်။ Themes ပေါင်း ရာဂဏန်းလောက် ထည့်ထားပြီး Watch Face များစွာ ပါပါတယ်။ အားကစားနည်း ၁၁ မျိုးကို တိုင်းတာပေးနိုင်ပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။

၂၄ နာရီ အိပ်စက်မှု အခြေအနေကို တွက်ချက်ပေးနိုင်ပြီး အရင်မျိုးဆက်ထက် ၄၀ ရာခိုင်နှုန်း ပိုတိကျလာပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာပေးတာလည်း ၅၀ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။ စိတ်ဖိစီးမှုကို တွက်ချက်ပေးနိုင်ပြီး အသက်ရှူလေ့ကျင့်ခန်းတွေ သင်ကြားပေးနိုင်ပါတယ်။ အမျိုးသမီးတွေ ဓမ္မတာ လာတာကို တွက်ချက်ပေးနိုင်ပြီး ဘက်ထရီ သက်တမ်းက ရက်တော်တော်ကြာကြာ အသုံးခံပါတယ်။ NFC Version လည်း ထုတ်ပေးထားပါတယ်။

Xiaomi Mi Band 5 specifications

• 1.1-inch (126 x 294 pixels) AMOLED 24bit color touch screen display with up to ≥450 nits brightness, 2.5D scratch-resistant glass, AF coating
• Shows time, steps, heart rate, activities, weather, notifications from apps, calls and more
• Photoplethysmography (PPG) / Heart rate sensor
• 24-hour sleep tracking, fitness tracking, Sedentary reminder
• 11 sports modes (outdoor running, walking, cycling, indoor running, swimming, exercise, indoor cycling, elliptical machine, skipping rope, yoga, rowing machine)
• PAI health analysis, Women’s health tracking: Menstrual cycle,
• Tri-axis Accelerometer + Tri-axis Gyro, Capacitive Wear Monitoring Sensor, Pressure assessment, Breathing training, Remote shutter control
• Xiao Ai’s voice assistant (NFC model)
• 5ATM (50 meters) water resistant
• Bluetooth 5.0 LE, NFC (Optional)
• Dimensions: 47.2 x 18.5 x 12.4mm; Weight: 11.9g / 12.1g (NFC)
• 125mAh battery with up to 14 days of battery life in typical mode, 20 days in long battery mode

Xiaomi Mi Watch Revolve ရဲ့ Specs တွေကိုလည်း အောက်မှာ လေ့လာနိုင်ပါတယ်။

XIAOMI MI WATCH REVOLVE SPECIFICATIONS

• 1.39-inch (454 × 454 pixels) AMOLED screen
• Bluetooth 5.0, GPS, GLONASS, NFC
• Compatibility: Android 4.4 and above; iOS
• Heart rate sensor, acceleration sensor, gyroscope, geomagnetic sensor, barometric sensor, ambient light sensor
• Sleep tracking, Fitness tracking, 10 sports modes
• Xiaomi voice assistant
• Dimensions: 46.2 x 53.3 x 11.4mm
• Water-resistant up to 50 meters (5 ATM)
• 420mAh battery with up to 14 days battery life

Ref : gizchina

%d bloggers like this: