Redmi 9A ရဲ့ 6GB RAM Version ကို တရုတ်မှာ ရောင်းချ

တန်ဖိုးနည်း Redmi 9A ကို တရုတ်မှာ ဇူလိုင်လက ကြေညာခဲ့ပြီး 4/64GB Version ပဲ ထုတ်လုပ်ပေးထားပါတယ်။ အဲဒီနောက်မှာ 2/32GB နဲ့ 4/128GB Version ထွက်လာပါတယ်။ အခုတော့ 6/128GB Version အသစ်ကို တရုတ်မှာရောင်းပေးလိုက်ပြီး ၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၉ သောင်းလောက်ပဲရှိပါတယ်။ တရုတ်မှာ Redmi 9A အတွက် Clear Sky Black, Sand Black နဲ့ Lake Green ၃ ရောင်ထုတ်လုပ်ထားပါတယ်။

Redmi 9A ရဲ့ Specs တွေကို ပြန်ပြောရရင် သူ့မှာ ၆.၅၃ လက်မ LCD Dot Drop Notch မျက်နှာပြင်နဲ့ 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။ 2GHz Octa Core MediaTek Helio G25 Processor မောင်းနှင်ထားပါတယ်။ ဈေးအရမ်းချိုတဲ့ အတွက် ကင်မရာက အရှေ့ ၁ လုံး၊ အနောက် ၁ လုံးပဲ ပါပါတယ်။ အရှေ့ဘက်မှာ 13MP နဲ့ အနောက်ဘက်မှာ 5MP ကင်မရာတွေ ပါပါတယ်။

Redmi 9A specifications

• 6.53-inch (1600 x 720 pixels) HD+ 20:9 IPS LCD Dot Drop screen
• 2GHz Octa Core MediaTek Helio G25 processor with IMG PowerVR GE8320 GPU
• 2GB LPDDR4x RAM, 32GB (eMMC 5.1) storage, expandable memory up to 512GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with MIUI 11, upgradable to MIUI 12
• 13MP rear camera with LED flash
• 5MP front camera
• 3.5mm audio jack, FM Radio
• Dual 4G VoLTE, Wi-Fi 802.11 802.11 b/g/n, Bluetooth 5, GPS + GLONASS, USB Type-C
• 5000mAh battery

Ref ; fonearena

%d bloggers like this: