SD750G ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်တဲ့ Samsung Galaxy A42 5G

Samsung Galaxy A42 5G ရဲ့ ပထမဆုံး သတင်းတွေ မကြာခင်က စတင် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ သူဟာ Samsung ရဲ့ ဈေးအချိုဆုံး 5G စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူ့မှာ ထည့်သွင်းထားတဲ့ Chipset ကို မသိခဲ့ရသေးပါဘူး။ အခုတော့ သူ့မှာ မနေ့တစ်နေ့က ပူပူနွေးနွေး ကြေညာထားတဲ့ Snapdragon 750G Chipset ပါမယ်လို့ သတင်းထွက်လာပါတယ်။ SD750G ပါတဲ့ ပထမဆုံး ဖုန်း အဖြစ် မှတ်တမ်းဝင်သွားမှာပါ။

သူ့ကို ယူရို ၃၆၉ လောက်နဲ့ ဥရောပမှာ နိုဝင်ဘာလအတွင်း ရောင်းချနိုင်ပြီး မြန်မာငွေ ၅ သိန်း ၆ သောင်းလောက် ကျသင့်မှာပါ။ တရုတ်က 3C မှာ 4,860mAh ဘက်ထရီ ထည့်သွင်းထားတယ်လို့ ဖော်ပြထားတဲ့အတွက် 5,000mAh ဘက်ထရီ ဖြစ်နိုင်ပါတယ်။ Samsung ရဲ့ ဈေးအချိုဆုံး 5G စမတ်ဖုန်းမှာ 5,000mAh ထည့်ပေးထားတာက တော်တော်ကြီးတယ်လို့ ဆိုနိုင်ပါတယ်။

တခြား သတင်းတွေအရ Galaxy A42 5G မှာ ၆.၆ လက်မ S-AMOLED FHD+ မျက်နှာပြင် ပါလာနိုင်ပြီး လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ ထည့်သွင်းထားမှာပါ။ 20MP ကင်မရာကို အရှေ့ဘက်နဲ့ 48MP , 8MP Ultrawide , 5MP Macro , 5MP Depth ကင်မရာတွေ အနောက်ဘက်မှာ ပါလာနိုင်ပါတယ်။ 128GB Internal Storage ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

%d bloggers like this: