Huawei ဖုန်းတွေမှာ HarmonyOS 2.0 ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ရမည်

Huawei က ပြီးခဲ့တဲ့ ၁ နှစ်က ကိုယ်ပိုင် Operating System ဖြစ်တဲ့ HarmonyOS ကို ကြေညာခဲ့ပါတယ်။ CEO Richard Yu က မကြာခင်က ကျင်းပခဲ့တဲ့ Huawei Developer Conference မှာ HarmonyOS 2.0 ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ OS ကို စမတ်ဖုန်းတွေမှာသာမက စမတ်တီဗီကနေ စမတ်နာရီအထိ Device မျိုးစုံမှာ သုံးလို့ရမှာပါ။ Yu က HarmonyOS 2.0 ပါတဲ့ စမတ်ဖုန်းတွေကို ၂၀၂၁ မှာ ရောင်းမယ်လို့ ကြေညာခဲ့ပါတယ်။ အချိန်အတိအကျကိုတော့ သူက မပြောသွားခဲ့ပါဘူး။

အခုတော့ Huawei ဖုန်းတွေမှာ HarmonyOS 2.0 Beta ကို အစောဆုံး အနေနဲ့ ဒီဇင်ဘာလမှာ ဖြန့်ချိပေးမယ်လို့ သတင်းထွက်လာပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလမှာ စမတ်ဖုန်းတွေနဲ့ Smart Screen လို Device တွေအတွက် ထွက်လာမှာပါ။

HarmonyOS မှာ Multi-screen Function နဲ့ Continuity များစွာကို ထောက်ပံ့ထားပြီး UX Elements ကလည်း Device မျိုးစုံကို ထောက်ပံ့ပါတယ်။ Huawei က လုံခြုံရေးနဲ့ Smart Voice Recognition ပိုကောင်းလာပြီး Device တွေကြားမှာ ဒေတာ ကူးတာ မြန်တယ်လို့ ပြောပါတယ်။

HMS Core 5.0 အတွက် APIs ပေါင်း ၁၂,၀၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။ Huawei က HMS App Ecosystem မှာ App ပေါင်း ၉၆,၀၀၀ ရှိလာပြီ ဖြစ်ပြီး Developer ၁.၈ သန်း ပါဝင်လာပြီလို့ ပြောပါတယ်။

Ref : gizmochina

%d bloggers like this: