နောက်လမှာ ကြေညာနိုင်တဲ့ realme 7 Pro SE

ဒီလထဲမှာပဲ realme က 7 Series စမတ်ဖုန်း ၃ လုံးကို ကြေညာခဲ့ပါတယ်။ အဲဒါတွေက realme 7i , realme 7 နဲ့ realme 7 Pro တို့ ဖြစ်ပါတယ်။ realme က ဒါနဲ့တင် မကျေနပ်နိုင်သေးပါဘူး။ နောက်လထဲမှာလည်း realme 7 Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။
https://twitter.com/stufflistings/status/1309440295512297473?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1309440295512297473%7Ctwgr%5Eshare_3&ref_url=https%3A%2F%2Fplayfuldroid.com%2Frealme-7-pro-se-tipped-to-be-launched-in-october%2F
အဲဒီ စမတ်ဖုန်းက realme 7 Pro SE ဖြစ်ပြီး နောက်လ ဒုတိယ အပတ်မှာ ကြေညာနိုင်တယ်လို့ Leaker ၁ ယောက်က သတင်းပေးထားပါတယ်။ အတိအကျပြောရရင် အောက်တိုဘာလ ၇ ရက် သို့မဟုတ် ၉ ရက်နေ့မှာ ကြေညာနိုင်ပါတယ်။

လက်ရှိမှာ realme 7 Pro SE ရဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်တာ မရှိသေးပါဘူး။ SE Version တွေမှာ များသောအားဖြင့် Specs တွေ လျှော့ချထားကြပေမယ့် တချို့ Version တွေဟာလည်း အထူးထုတ်တွေ ဖြစ်နေတတ်ပါတယ်။

realme 7 Pro SE အပြင် ကုမ္ပဏီဟာ အိန္ဒိယမှာ အဲဒီ ကာလအတွင်းမှာပဲ နောက်ထုတ် ထုတ်ကုန် အသစ် ၈ ခုကို ကြေညာတော့မှာပါ။ အဲဒီ ထုတ်ကုန်တွေထဲမှာ realme Buds Wireless Pro, realme 55″ 4K TV, realme Soundbar, realme Buds Air Pro, realme Watch S, realme Smart Plugs, realme Toothbrush နဲ့ realme 360 Smart Camera တွေ ပါလာမှာပါ။

Ref : playfuldroid

%d bloggers like this: