Xiaomi Mi Watch Lite ကို မှတ်ပုံတင်လိုက်ပြီ

Xiaomi က အရင်နှစ် နိုဝင်ဘာလမှာ Mi Watch ကို တရုတ်မှာ ကြေညာလိုက်ပြီး ၁,၂၉၉ ယွမ်နဲ့ ရောင်းပေးထားပါတယ်။ ၂ သိန်းခွဲလောက်ရှိပြီး အခုတော့ သူ့ထက် ဈေးသက်သာတဲ့ Xiaomi Mi Watch Lite ကို မှတ်ပုံတင်လိုက်တဲ့အတွက် ရောင်းချပေးတော့မယ်လို့ ထင်ပါတယ်။
https://twitter.com/PerfectPps/status/1309349733769461760?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1309349733769461760%7Ctwgr%5Eshare_3&ref_url=https%3A%2F%2Fwww.gizmochina.com%2F2020%2F09%2F25%2Fxiaomi-mi-watch-lite-certified-could-be-rebranded-redmi-watch%2F
Xiaomi Mi Watch Lite ရဲ့ မော်ဒယ်နံပါတ်က REDMIWT02 ဖြစ်ပြီး 5Vdc နဲ့ 0.4A Charging ပါမယ်လို့ ဖော်ပြထားပါတယ်။ မနေ့ကပဲ MIIT မှာ REDMIWT01 ကို တွေ့ခဲ့ရပြီး တရုတ်က Tipster ၁ ယောက်က တရုတ်မှာ သူ့ကို Redmi Watch နာမည်နဲ့ မကြာခင် ကြေညာမယ်လို့ ပြောပါတယ်။ REDMIWT02 ဟာ Redmi Watch မော်ဒယ် ၁ ခု ဖြစ်နိုင်ပြီး တချို့နိုင်ငံတွေမှာ Xiaomi Mi Watch Lite နာမည်နဲ့ ရောင်းချနိုင်ပါတယ်။

လက်ရှိမှာ Xiaomi Mi Watch Lite ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ သူ့ရဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။

Xiaomi Mi Watch ဟာ Mi Brand ရဲ့ ပထမဆုံး စမတ်နာရီ ဖြစ်ပြီး ကုမ္ပဏီက ဖုန်းလိုသုံးနိုင်တဲ့ စမတ်နာရီလို့ ပြောပါတယ်။ Mi Watch မှာ Google Wear OS ကို အခြေပြုထားတဲ့ Xiaomi ရဲ့ MIUI for Watch OS မောင်းနှင်ထားပါတယ်။ MIUI for Watch မှာ App ပေါင်း ၄၀ ကို ထည့်ထားပြီး ကိုယ်ပိုင် App Store ပါပါတယ်။ ရေကူးတာ အပါအဝင် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်ပါပါတယ်။ နှလုံးနဲ့ ပတ်သက်တဲ့ ဒေတာတွေကို တွက်ချက်ပေးပါတယ်။

Ref : gizmochina

%d bloggers like this: