Samsung Galaxy F41 ရဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပြီ

Samsung က နောက်လ ၈ ရက်နေ့မှာ Galaxy F41 ကို ကြေညာမယ်လို့ အတည်ပြုထားပြီးပါပြီ။ သူဟာ Galaxy F Series ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ပြီး Galaxy F Series ဟာ ကင်မရာ အသားပေး စမတ်ဖုန်းတွေ ဖြစ်တယ်လို့ Samsung က အသိပေးထားပါတယ်။ ဈေးချိုတဲ့ ကင်မရာ အသားပေး ဖုန်းတွေလို့ ထင်ရပါတယ်။

အခုတော့ ကုမ္ပဏီက သူ့ရဲ့ ပထမဆုံး ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။ ဗီဒီယိုမှာ သူ့ရဲ့ Specs တွေကို မဖော်ပြထားပေမယ့် ဖုန်း ဒီဇိုင်းကို မြင်ရပါတယ်။ ဗီဒီယိုရဲ့ Description မှာ အဲဒီ စမတ်ဖုန်း ရောင်းချမယ့် Samsung နဲ့ Flipkart ဝက်ဘ်စာမျက်နှာတွေရဲ့ Links တွေ ထည့်သွင်းပေးထားပါတယ်။

Samsung က သူ့မှာ Super AMOLED Infinity-U မျက်နှာပြင်၊ အနောက်ကင်မရာ ၃ လုံး၊ အနောက် လက်ဗွေရာ ကိရိယာနဲ့ 6,000mAh ဘက်ထရီ ပါလာမယ်လို့ အတည်ပြုထားပါတယ်။ Google Play Console မှာ FHD+ Resolution ၊ Exynos 9611 SoC၊ 6GB RAM နဲ့ Android 10 ထည့်ထားမယ်လို့ ဖော်ပြထားပါတယ်။ ပေါက်ကြားသတင်းတွေအရ 64MP အနောက်ကင်မရာနဲ့ 32MP အရှေ့ ကင်မရာတွေ ပါလာမှာ ဖြစ်ပြီး ကင်မရာ လုပ်ဆောင်ချက် အသစ်တွေ ထည့်ထားမှာပါ။ ၁၅,၀၀၀ ရူပီးလောက်နဲ့ ရောင်းနိုင်ပြီး ၂ သိန်း ၆ သောင်းလောက် ကျသင့်မှာပါ။

Samsung Galaxy F41 rumoured specifications

• 6.4-inch (2340 x 1080 pixels) Full HD+ Infinity-U Super AMOLED display
• Octa-Core (Quad 2.3GHz + Quad 1.7GHz) Exynos 9611 10nm processor with Mali-G72MP3 GPU
• 6GB LPDDR4x RAM with 64GB / 128GB (UFS 2.1) Storage, expandable up to 512GB via micro SD card
• Android 10 with One UI
• Dual SIM (nano + nano / microSD)
• 64MP rear camera + 8MP ultra-wide + depth / macro sensor
• 32MP front camera
• Rear-mounted Fingerprint sensor
• 3.5mm audio jack, FM Radio, Dolby Atmos
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 6000mAh battery with 15W fast charging

Ref : fonearena

%d bloggers like this: