Sony က ၁၆ နာရီ အသုံးခံတဲ့ WF-H800 Truly Wireless Earbuds ကို ကြေညာ

Sony က WF-H800 Truly Wireless Earbuds အသစ်ကို ကြေညာလိုက်ပါတယ်။ Sony ရဲ့ မူပိုင် ဒီဇိုင်း ဖြစ်တဲ့ Tri-Hold Structure နဲ့ တည်ဆောက်ထားပြီး Sony ရဲ့ Digital Sound Enhancement Engine HX နည်းပညာ ပါလာပါတယ်။ ဘက်ထရီသက်တမ်း လန်းပြီး Automatic Pause/Play လုပ်ဆောင်ချက် ပါပါတယ်။

နားကြပ်ဟာ ပေါ့ပါးပြီး ဝတ်ဆင်ရတာ သက်တောင့်သက်သာရှိတဲ့အတွက် အချိန်အကြာကြီး သီချင်းနားထောင်လို့ အဆင်ပြေပါတယ်။ Bluetooth 5.0 နဲ့ အသစ်ဖန်တီးထားတဲ့ Bluetooth Chip တွေကြောင့် အသံနောက်ကျတာကို လျှော့ချပေးပါတယ်။

၁၆ နာရီတောင် ဘက်ထရီ သက်တမ်းရှိပြီး Quick Charging ထောက်ပံ့ပါတယ်။ ၁၀ မိနစ်အားသွင်းရင် ၇၀ မိနစ်လောက် သီချင်းနားထောင်နိုင်ပါတယ်။ နားကြပ် တပ်လိုက်ရင် သီချင်း အလိုလို ဖွင့်ပေးပြီး ချွတ်လိုက်ရင် အလိုလို ရပ်ထားပေးတဲ့ လုပ်ဆောင်ချက်ပါပါတယ်။ Headphones Connect Companion App ကနေ Equalizer ကို ချိန်ညှိနိုင်ပြီး Google Assistant , Alexa နဲ့ Siri တို့ ထောက်ပံ့ထားပါတယ်။

အနက်ရောင် ၁ မျိုးထဲ ထုတ်လုပ်ထားပြီး အိန္ဒိယမှာ Flipkart ကနေ ၁၄,၉၉၀ ရူပီးနဲ့ ရောင်းပေးလိုက်ပါပြီ။ မြန်မာငွေ ၂ သိန်း ၆ သောင်းလောက်ပဲ ကျသင့်မှာပါ။

Ref : fonearena

%d bloggers like this: