Sony က Xperia 5 II အတွက် ကြော်ငြာ ဗီဒီယိုတွေကို မျှဝေ

Sony က မကြာခင်ကမှ အသစ်စက်စက် ကြေညာထားတဲ့ Xperia 5 II ရဲ့ ကြော်ငြာဗီဒီယိုတွေကို မျှဝေလိုက်ပါတယ်။ ဗီဒီယို ၁ ခုချင်းစီမှာ ဖုန်းရဲ့ စွမ်းရည် ၁ ခုချင်းစီကို ပြသထားပါတယ်။

ဗီဒီယို ၁ ခုမှာ ဓါတ်ပုံ စွမ်းရည်တွေကို ပြသထားပါတယ်။ သူ့မှာ စွမ်းရည်မြင့် ကင်မရာတွေ ပါသလို အလန်းစား လုပ်ဆောင်ချက်တွေလည်း ထည့်ထားပါတယ်။ ဓါတ်ဖမ်းတာ ဝါသနာ ပါသူတွေအတွက် ရှယ်ကောင်းတာကို မြင်ရပါတယ်။

ဗီဒီယို စွမ်းရည်ကလည်း ပေါ့သေးသေး မဟုတ်ပါဘူး။ ရုပ်ရှင်တွေတောင် ရိုက်ကူးနိုင်တယ်လို့ Sony က ညွှန်းထားပြီး Editing စွမ်းရည်ကိုလည်း ပြသထားပါတယ်။

Multimedia နှစ်သက်သူတွေအတွက်လည်း ဒီဖုန်းရဲ့ အသံစွမ်းရည်က ကျေနပ်စရာပါ။

နောက် ၁ ခုက ဒီဇိုင်းပါ။ သူ့ရဲ့ ဒီဇိုင်း ဘယ်လောက်လန်းသလဲဆိုတာကို ဒီဇိုင်နာက ရှင်းပြထားတာကို အောက်က ဗီဒီယိုမှာ လေ့လာပါ။

နောက်ဆုံး ဗီဒီယိုမှာ ဂိမ်းတွေကို Snapdragon 865 က ဘယ်လောက်နိုင်နင်းသလဲဆိုတာကို ပြသထားပါတယ်။ ဂိမ်းကစားရင် စွမ်းရည်မြှင့်ပေးတဲ့ လုပ်ဆောင်ချက်တွေ အများကြီး ထည့်ထားပါတယ်။

Ref : gsmarena

%d bloggers like this: