အရွယ်ကြီး ၆.၆ လက်မ မျက်နှာပြင်ပါတဲ့ LG K52 ကို ကြေညာ

LG က တန်ဖိုးနည်း အရွယ်ကြီး စမတ်ဖုန်း ၁ လုံးကို ကြေညာလိုက်ပါတယ်။ LG K52 လို့ နာမည်ပေးထားပြီး ၆.၆ လက်မ HD+ FullVision မျက်နှာပြင် ထည့်သွင်းထားပါတယ်။ မျက်နှာပြင် ကြီးတဲ့အတွက် လူမှုကွန်ရက်တွေ ကြည့်ရင် ကောင်းသလို ရုပ်ရှင်၊ ဗီဒီယိုတွေ ကြိုက်သူတွေအတွက်လည်း မိုက်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ Punch Hole ကင်မရာ ၁ လုံး ပါလာပါတယ်။

ဆန်းသစ်တဲ့ ကင်မရာ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး Flash Jump Cut က သတ်မှတ်ထားတဲ့ အချိန်မှာ လျှပ်တစ်ပြက် ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။ AI CAM လုပ်ဆောင်ချက်က Subject အပေါ်မူတည်ပြီး အကောင်းဆုံး ကင်မရာ Settings ကို ချိန်ညှိပေးပါတယ်။ Live မြန်မြန်လွှင့်ချင်သူတွေအတွက် YouTube Live က မိုက်ပါတယ်။

အနောက်ဘက်က UV Coating က ခြစ်ရာ မထင်အောင် ကာကွယ်ပေးသလို လက်ဗွေရာ မထင်အောင် Pattern တွေနဲ့ ကာကွယ်ထားပါတယ်။ MIL-STD-810G စံနှုန်းပါတဲ့အတွက် အကြမ်းခံပါတယ်။ ဥရောပမှာ အောက်တိုဘာလ ရောင်းမှာ ဖြစ်ပြီး အဲဒီနောက်မှာ အာရှ၊ လက်တင် အမေရိကနဲ့ အရှေ့ အလယ်ပိုင်းမှာ ဝယ်ယူနိုင်မှာပါ။ LG က ဈေးနှုန်းကို မပြောသေးပါဘူး။ သူ့ရဲ့ Specs အပြည့်အစုံကို အောက်မှာ လေ့လာပါ။

LG K52 specifications

• 6.6-inch 20:9 HD+ FullVision Display
• 2.3GHz Octa-Core MediaTek Helio P35 (MT6765) 12nm Processor with IMG PowerVR GE8320 GPU
• 4GB RAM, 64GB storage, expandable memory up to 2TB with microSD
• Android 10
• 48MP rear camera, 5MP 115° Ultra-wide sensor, 2MP macro sensor, 2MP depth sensor, LED Flash
• 13MP front-facing camera
• 3.5mm audio jack, LG 3D Sound Engine
• Side-mounted Fingerprint Sensor, Google Assistant Button
• MIL-STD 810G Compliance
• Dimensions: 165.0 x 76.7 x 8.4 mm; Weight: 186g
• 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.0, GPS / GLONASS, USB Type-C (USB 3.1 Gen 1 Compatible), NFC
• 4000mAh built-in battery
• Colours: White, Blue and Red

Ref : fonearena

%d bloggers like this: