iPhone 12 Series ကို အောက်တိုဘာလ ၁၃ ရက်နေ့ ကြေညာနိုင်

Apple က မကြာခင်ကပဲ Watch Series 6 , Watch SE , iPad Air 4th Gen နဲ့ iPad 8th Gen တို့ကို ကြေညာခဲ့ပေမယ့် iPhone 12 Series မပါလာခဲ့ပါဘူး။ အခုတော့ ကုမ္ပဏီက iPhone 12 Series ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ ကြေညာမယ့် ရက်ကို Apple က မပြောသေးပေမယ့် နောက်လ ၁၃ ရက်နေ့မှာ မိတ်ဆက်ပွဲပြုလုပ်မယ်လို့ သတင်းထွက်လာပါတယ်။ ၁၆ ရက်နေ့မှာ ကြိုတင်မှာယူခွင့်ပေးမှာပါ။

ဒီနှစ်မှာ iPhone 12 Series ၄ လုံးထွက်လာနိုင်ပြီး သူတို့ရဲ့ နာမည်တွေလည်း အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ ၅.၄ လက်မ မော်ဒယ်ကို iPhone 12 Mini နဲ့ ၆.၇ လက်မ မော်ဒယ်ကို iPhone 12 Pro Max လို့ နာမည်ပေးထားမှာပါ။ ၆.၁ လက်မ မော်ဒယ် ၂ လုံးကို iPhone 12 နဲ့ iPhone 12 Pro လို့ ခေါ်မှာပါ။

သတင်းတွေအရ ၆.၁ လက်မနဲ့ ၆.၇ လက်မ မော်ဒယ်တွေမှာ iPhone 11 မှာလို Notch ပါလာမှာပါ။ ၅.၄ လက်မ မော်ဒယ်မှာ အနည်းငယ်သေးတဲ့ Notch ထည့်ထားနိုင်ပါတယ်။ iPhone 12 ဟာ ၆၉၉ နဲ့ ၇၄၉ ဒေါ်လာ၊ iPhone 12 Pro Max ဟာ ၇၉၉ နဲ့ ၈၄၉ ဒေါ်လာအတွင်း ကျသင့်နိုင်ပါတယ်။ Pro နဲ့ Pro Max တို့ကတော့ ၁,၁၀၀ နဲ့ ၁,၂၀၀ ဒေါ်လာအတွင်း တန်ကြေးရှိနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: