Xiaomi က အိန္ဒိယမှာ ကားတွေနဲ့ အိမ်တိုင်ယာရောက် ဖုန်း ရောင်းပေး

Xiaomi India က Mi Store on Wheels ဝန်ဆောင်မှု အသစ်ကို ကြေညာလိုက်ပါတယ်။ အိန္ဒိယမှာ ကားတွေနဲ့ အိမ်တိုင်ယာရောက် ဖုန်း ရောင်းပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ အပြင်မထွက်ချင်သူတွေအတွက် တော်တော် အဆင်ပြေသွားပါပြီ။

Mi India ရဲ့ COO ဖြစ်သူက Mi Store on Wheels ဟာ ဝေးလံခေါင်ဖျားပြီး မြို့မှာ ဖုန်းလာဝယ်ဖို့ အဆင်မပြေတဲ့ ဒေသတွေအတွက် ရည်ရွယ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် စတိုးဆိုင်တွေမှာလို လူစုလူဝေး မဖြစ်စေဘဲ Social Distancing မူဝါဒနဲ့ ကိုက်ညီပါတယ်။

Mi Store on Wheels ကနေ Redmi 9, Redmi 9 Prime, Redmi Note 9, Redmi Note 9 Pro, Redmi Note 9 Pro Max နဲ့ Redmi 9A အပါအဝင် Redmi ဖုန်း အသစ်တွေကို ရောင်းချပေးမှာပါ။ ဒါတင်မကသေးပါဘူး။ Mi Smart TV, Mi Box 4K, Mi TV Stick, Mi CCTV Cameras, Mi Sports Bluetooth Earphones, Mi True Wireless Earphones 2, Redmi Earbuds S, Mi Sunglasses, Mi Powerbanks, နဲ့ Chargers တို့လို Xiaomi ထုတ်ကုန်တွေကိုပါ ဝယ်ယူနိုင်မှာပါ။

Xiaomi Mi Store မရှိတဲ့ ဒေသတွေမှာ ရောင်းအားတိုးတက်လာစေမှာဖြစ်သလို ကိုဗစ်ကာလမှာ ရောင်းအား မကျအောင် ကျားကန်ပေးမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။ Xiaomi ဟာ အစောပိုင်းမှာ အွန်လိုင်းကနေပဲ ရောင်းခဲ့ပေမယ့် အခုတော့ မြေပြင်ကနေပါ ရောင်းပေးတဲ့ မူဝါဒကို ကျင့်သုံးလာပါတယ်။

Ref ; gizmochina

%d bloggers like this: