1 Shares 39 Views

Samsung က Storage ပမာဏ 128 GB ရှိတဲ့ Galaxy Note 5 Winter Edition ကို ထုတ်လုပ်

Dec 21, 2015
1 39

samsung_note_5_winter_editon

Samsung ကုမ္မဏီဟာ နောက်ဆုံး ထုတ်ကုန်တစ်ခုဖြစ်တဲ့ Galaxy Note 5 ကို Winter Edition ဆိုတဲ့ ဗားရှင်းနဲ့ တောင်ကိုရီးယား မှာ ထပ်မံ ထုတ်လုပ်လိုက်ပြန်ပါတယ်။ ထို ဗားရှင်းအသစ်ရဲ့ထင်ရှားတဲ့ လုပ်ဆောင်ချက်ကတော့ 128GB အထိ Storage ပမာဏ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ထိုဗားရှင်း ဟန်းဆက်ကိုတော့ Gold Platinum နဲ့ Silver Titanium ဆိုတဲ့ အရောင် ၂ မျိုး နဲ့ ရရှိနိုင်တယ်လို့ သိရပါတယ်။

သြဂုတ်လတုန်းက တစ်ကမ္ဘာလုံးကို ဖြန့်ချီခဲ့တဲ့ Galaxy Note 5 မှာတော့ microSD Card ထည့်သွင်းနိုင်တဲ့ Slot တစ်ခု ပါဝင်ခဲ့ပေမယ့် 128GB သိုလှောင်ပမာဏ တော့ မရှိခဲ့ပါဘူး။

ဒီ Winter Edition ဟာ သြဂုတ်လက ထုတ်လုပ်ခဲ့တဲ့ Galaxy Note 5 နဲ့တော့ ပါဝင်ပစ္စည်းတွေက ကွာခြားမှု မရှိခဲ့ပါဘူး။ Winter Edition ဟာလည်း မျက်နှာပြင် ၅.၇ လက်မ ကျယ်ဝန်းပြီး QHD(2560×1440) ရုပ်ထွက်ရှိပြီး Super AMOLED Display ပဲဖြစ်ပါတယ်။ Samsung ပိုင် Exynos 7420 octa-core SoC နဲ့ Mali-T760 MP8 GPU တို့ကို Processor တွေ အဖြစ်သုံးထားပြီး RAM 4GB ရှိပါတယ်။

ကင်မရာအနေနဲ့လည်း 16 Megapixel ရှိတဲ့ အနောက်ကင်မရာ 5 Megapixel ရှိတဲ့ အရှေ့ ကင်မရာတို့ ပါဝင်ပါတယ်။ ဘက်ထရီကတော့ ဖြုတ်လို့မရနိုင်တဲ့ 3000 mAh ဘက်ထရီပဲ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၈၅၀ ခန့်ရှိတယ်လို့လည်း သိရပါတယ်။

( Mario )

Ref : Gadgets 360

You may be interested

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ
Android, HUBS, Mobiles & Tablets
0 shares0 views

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက စမတ်ဖုန်းရဲ့ Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေပါတယ်။ လက်ရှိ Fingerprint Reader များဟာ ယခင်မျိုးဆက်များထက် အရွယ်အစား သေးငယ်ပြီး ထည့်သွင်းထားတဲ့ တည်နေရာမှာသာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ စကရင်တစ်ခုလုံးရဲ့ ဘယ်နေရာကို…

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်

Ko Thuya - Oct 23, 2018

Mi Mix 3 ကို မိတ်ဆက်မယ့် ရက်နီးလာလေလေ သူ့ရဲ့ သတင်းအချက်အလက်များဟာလည်း ပိုမို ထွက်ပေါ်လာလေလေ ဖြစ်ပါတယ်။ ဘောင်ပျောက် ဒီဇိုင်း ဖြစ်တဲ့ Mi Mix Series ရဲ့ စတုတ္ထမြောက် ဖုန်း လည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ…

Samsung ရဲ့ Gaming Phone လာမည်
Android, HUBS, Mobiles & Tablets
0 shares8 views

Samsung ရဲ့ Gaming Phone လာမည်

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ I Ice Universe က ၀ီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။…

Leave a Comment

Most from this category