TV အဟောင်း ၁ လုံးကြောင့် ၁၈ လကြာ အင်တာနက် ပြတ်သွားတဲ့ ရွာလေး

ဗြိတိန်နိုင်ငံ Wales က အေဘာဟိုစန်ရွာလေးဟာ ထူးထူးဆန်းဆန်း အဖြစ်အပျက် ၁ ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီရွာမှာ ၁၈ လကြာ အင်တာနက် ပြတ်တောက်နေခဲ့ပါတယ်။ အဲဒီလို အင်တာနက် ပြတ်တောက်အောင် ပြုလုပ်ခဲ့တာက TV အဟောင်း ၁ လုံးကြောင့် ဆိုတာ ဘယ်သူမှ မသိခဲ့ပါဘူး။ Openreach က အင်ဂျင်နီယာတွေဟာ အင်တာနက် ကြိုးတွေကို လဲလှယ်ခဲ့ပေမယ့် လိုင်း ပြန်မရခဲ့ပါဘူး။

အခုတော့ လက်သည်ကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။ အဲဒါကတော့ TV အဟောင်း ၁ လုံး ဖြစ်ပြီး TV က ထုတ်လွှင့်တဲ့ ရေဒီယိုလှိုင်းဟာ အင်တာနက်လိုင်းကို ပြတ်တောက်စေခဲ့တာပါ။ အင်ဂျင်နီယာတွေဟာ Monitoring Device ၁ ခုကို သုံးပြီး အဲဒီ ပြဿနာကို အဖြေရှာတွေ့ခဲ့တာပါ။

ပိုင်ရှင်ဟာ မနက် ၇ နာရီတိုင်းမှာ TV ဖွင့်လေ့ရှိပြီး အဲဒီအချိန်ကစလို့ ၁ ရွာလုံးရဲ့ အင်တာနက်လိုင်းဟာ ပြတ်တောက်သွားတယ်လို့ သိရပါတယ်။ Openreach က အင်ဂျင်နီယာတွေဟာ အခုတော့ အဲဒီ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ပြီး အဲဒီရွာဟာလည်း အင်တာနက်လိုင်း ပြန်ရသွားပါပြီ။

အမည်မဖော်လိုသူ ပိုင်ရှင်ကလည်း အဲဒီ TV ကို မသုံးတော့ဘူးလို့ ကတိပေးထားပါတယ်။ အခုတော့ ၁ ရွာလုံးဟာ အင်တာနက်လိုင်းကို စိတ်ချမ်းချမ်းသာသာနဲ့ ပြန်သုံးနိုင်ပါပြီ။

Ref : bbc

%d bloggers like this: