5,000mAh ဘက်ထရီ ပါတဲ့ Moto E7 Plus ကို အိန္ဒိယမှာ ကြေညာ

Motorola က ကတိပေးထားတဲ့ အတိုင်း Moto E7 Plus ကို အိန္ဒိယမှာ ကြေညာလိုက်ပါပြီ။ Flipkart ကနေ စက်တင်ဘာလ ၃၀ ရက်နေ့မှာ စရောင်းမှာ ဖြစ်ပြီး Misty Blue နဲ့ Twilight Orange ၂ ရောင် ထုတ်လုပ်ပေးထားပါတယ်။ ၉,၄၉၉ ရူပီး သတ်မှတ်ထားပြီး ၁ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။

သူဟာ တန်ဖိုးနည်း စွမ်းရည်နိမ့် စမတ်ဖုန်း ဖြစ်ပြီး Snapdragon 460 Chipset နဲ့ 48MP Main ကင်မရာ၊ အရွယ်ကြီး 5,000mAh ဘက်ထရီတွေက သူ့ရဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ Android 10 OS မောင်းနှင်ထားပြီး ၆.၅ လက်မ HD+ LCD မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 48MP Main , 2MP Depth ကင်မရာ ၂ လုံးနဲ့အတူ LED Flash ၁ လုံးကို ပူးတွဲ ထည့်သွင်းထားပါတယ်။ လက်ဗွေရာ အာရုံခံကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

Qualcomm Snapdragon 460 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားပါတယ်။ microSD Card နဲ့ Storage ကို တိုးမြှင့်နိုင်ပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီအတွက် 10W Charging ထောက်ပံ့ထားပြီး microUSB Port နဲ့ အားသွင်းနိုင်ပါတယ်။ Motorola က ဘက်ထရီ သက်တမ်း ၂ ရက်ခံတယ်လို့ ပြောပါတယ်။

Moto E7 Plus specifications

• Display: 6.5-inch HD+ MaxVision LCD screen with 20:9 aspect ratio
• SoC: Octa Core Snapdragon 460nm (1.8GHz x 4+1.6GHz x 4 Kryo 240 CPUs); GPU: 600MHz Adreno 610
• RAM: 4GB LPDDR4x
• ROM: 64GB, expandable memory with microSD
• SIM: Hybrid Dual SIM (nano + nano / nano+microSD)
• Cameras: Rear – 48MP (primary with f/1.7 aperture) + 2MP (depth with f/2.4 aperture)
• Front – 8MP with f/2.0 aperture
• Rear-Mounted Fingerprint sensor
• Water-repellent (P2i coating)
• Dimensions: 165.21 x 75.73x 9.18mm; Weight:180g
• Connectivity: Dual 4G VoLTE, Wi-Fi 802.11 b /g /n (2.4GHz), Bluetooth 5.0, GPS + GLONASS, micro USB
• Battery: 5000mAh with 10W charging

Ref : gsmarena

%d bloggers like this: