နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် တိုင်းတာပေးတဲ့ Vivo Watch ကို ကြေညာပြီ

သတင်းများစွာ ထွက်နေတဲ့ Vivo Watch Series ကို ကြေညာလိုက်ပါပြီ။ ၄၂ နဲ့ ၄၆ မီလီမီတာ ၂ မျိုးထုတ်လုပ်ထားပြီး ၁.၁၉ လက်မနဲ့ ၁.၃၉ လက်မ AMOLED မျက်နှာပြင်တွေ အသီးသီး တပ်ဆင်ထားပါတယ်။ Always-on Display ထောက်ပံ့ထားပြီး Stainless Steel Case တပ်ဆင်ထားပါတယ်။

သူတို့မှာ နှလုံးခုန်နှုန်း အပြင် သွေးတွင်းအောက်ဆီဂျင် ပမာဏ၊ အိပ်စက်မှု၊ စိတ်ဖိစီးမှုနဲ့ ကယ်လိုရီ ပမာဏတွေကို တိုင်းတာပေးနိုင်ပါတယ်။ ရေအနက် ၅၀ မီတာမှာ ၁၀ မိနစ်အထိ ဝတ်ဆင်ထားနိုင်ပြီး အားကစားနည်း ၁၁ မျိုးကို တိုင်းတာပေးနိုင်ပါတယ်။ 2GB Storage ပါတဲ့အတွက် သီချင်းတွေ ထည့်ထားနိုင်ပါတယ်။

Vivo Watch specifications

• 1.1-inch (390×390 pixels) (42mm) / 1.39-inch (454×454 pixels) (46mm) AMOLED screen
• ST main processor & Apollo low-power processor
• 2GB built-in storage for local music playback
• Optical heart rate and blood oxygen sensor, accelerometer sensor, gyroscope, air pressure and altitude sensor, geomagnetic sensor, ambient light sensor
• 11 sports mode including Outdoor running, indoor running, outdoor walking, pool swimming, outdoor cycling, indoor cycling, mountain climbing, trail running, elliptical machine, HIIT, free training
• Water resistant (5ATM)
• Dimensions 42mm: 42x42x9.7mm; Weight: 35.6g (without strap) 46mm: 46x46x10.6mm; Weight: 46.8g (without strap)
• Bluetooth 5.0 LE, GPS+GLONASS+GALILEO+Beidou, NFC for payments
• 226mAh (typical) / 218mAh (minimum) for 42mm with 9 days of usage / 478mAh (typical) / 458mAh (minimum) for 46mm with 18 days of usage

၄၂ မီလီမီတာအတွက် Dark Gray Case/ Orange Leather Strap နဲ့ Brown Case/Light Brown Leather Strap တွေ ထုတ်လုပ်ထားပါတယ်။ ၄၆ မီလီမီတာအတွက် Light Gray Case/Dark Brown Leather Strap နဲ့ Black Case/Black Rubber Strap တွေ ရွေးချယ်နိုင်ပါတယ်။ ၁,၂၉၉ ယွမ် သတ်မှတ်ထားပြီး တရုတ်မှာ ၂၈ ရက်နေ့ ရောင်းမှာပါ။ ၂ သိန်းခွဲလောက် ကျသင့်မှာပါ။

Ref : fonearena

%d bloggers like this: