Xiaomi Mi 10T, Mi 10T Pro နဲ့ Mi 10T Lite ကို ၃၀ ရက်နေ့ ကြေညာမည်

သတင်းများစွာ ထွက်နေတဲ့ Xiaomi Mi 10T Series တွေ ကြေညာမယ့်နေ့ကို အတည်ပြုလိုက်ပါပြီ။ စက်တင်ဘာလ ၃၀ ရက်နေ့မှာ အွန်လိုင်းကနေ မိတ်ဆက်ပွဲ ပြုလုပ်မှာ ဖြစ်ပြီး Xiaomi Mi 10T, Mi 10T Pro နဲ့ Mi 10T Lite မော်ဒယ် ၃ မျိုး ထွက်လာနိုင်ပါတယ်။ အသစ်စက်စက်ကြေညာထားတဲ့ Snapdragon 750G Chipset ကို Mi 10T Lite မှာ ထည့်သွင်းထားနိုင်ပြီး ယူရို ၃၀၀ အောက်နဲ့ ရောင်းနိုင်ပါတယ်။ မြန်မာငွေ ၄ သိန်း ၆ သောင်းလောက်ရှိနိုင်ပါတယ်။

Mi 10T Pro ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားထားပြီး အရင်က ထွက်ခဲ့ဖူးတဲ့ ဓါတ်ပုံ အရ ဖုန်း အနောက်ဘက်မှာ 108MP ကင်မရာ စာသားကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ လက်ဗွေရာ ကိရိယာကို ဘယ်ဘက်ခြမ်းမှာ တပ်ဆင်ထားပြီး LCD မျက်နှာပြင်နဲ့ 144Hz Refresh Rate ပါမယ်လို့ သတင်းထွက်နေပါတယ်။

Xiaomi Mi 10T နဲ့ 10T Pro ကို မကြာခင်က Amazon Spain မှာ တွေ့လာတဲ့အတွက် တရုတ် ပြင်ပမှာ ရောင်းမှာပါ။ Mi 10T ကို ၅၅၀ ယူရို သတ်မှတ်ထားပြီး Snapdragon 865 , 6GB RAM နဲ့ 128GB Storage ထည့်ထားပါတယ်။ ပင်မ ကင်မရာက 64MP ဖြစ်ပါတယ်။ Pro မှာလည်း အဲဒီ Chipset ပဲ သုံးထားပေမယ့် ပင်မ ကင်မရာက 108MP ဖြစ်ပါတယ်။ 8/128GB ကို ၆၄၀ ယူရို သတ်မှတ်ထားပြီး 256GB ကို လိုချင်ရင် ၂၅ နဲ့ ၃၅ ယူရို အပိုပေးရမှာပါ။ နောက် ၁ ပတ်မှာတော့ သူတို့ရဲ့တရားဝင် သတင်းအချက်အလက်တွေကို သိရတော့မှာပါ။

Ref : gsmarena

%d bloggers like this: