4,500mAh ဘက်ထရီနဲ့ အနောက်ကင်မရာ ၂ လုံးပါတဲ့ တန်ဖိုးနည်း Nokia 2.4 ကို မိတ်ဆက်

HMD Global က တန်ဖိုးနည်း Nokia 2.4 ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၅ လက်မ HD+ မျက်နှာပြင်၊ MediaTek Helio P22 SoC , Android 10 ထည့်ထားပြီး Android Update ၂ နှစ်နဲ့ Security Update ၃ နှစ်အထိ ရမှာပါ။ အနောက်ဘက်မှာ 13MP နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါလာပြီး Portrait Mode, Night Mode နဲ့ တခြား ကင်မရာ လုပ်ဆောင်ချက်တွေ ထည့်ထားပါတယ်။

Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး Face Unlock ထောက်ပံ့ထားသလို အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။ 4,500mAh ဘက်ထရီကလည်း တန်ဖိုးနည်းဖုန်းအတွက် မိုက်တယ်လို့ ပြောရမှာပါ။

Nokia 2.4 specifications

• 6.5-inch (720 x 1600 pixels) HD+ 20:9 aspect ratio 2.5D curved glass display
• 2GHz Octa-Core MediaTek Helio P22 (MT6762) 12nm processor with 650MHz IMG PowerVR GE8320 GPU
• 2GB RAM with 32GB storage / 3GB RAM with 64GB storage, expandable memory up to 512GB with microSD
• Dual SIM (nano + nano + microSD)
• Android 10, upgradable to Android 11 and 12
• 13MP rear camera with LED flash, f/2.2 aperture, 2MP secondary camera
• 5MP front-facing camera with f/2.4 aperture
• 3.5 mm headphone jack, FM Radio
• Dimensions: 165.85×76.30×8.69mm; Weight: 189g
• Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5.0, GPS + GLONASS, micro USB
• 4500mAh battery

Nokia 2.4 အတွက် Dusk , Charcoal နဲ့ Fjord ၃ ရောင် ထုတ်လုပ်ထားပြီး ၁၁၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၈ သောင်းလောက် ကျသင့်မှာ ဖြစ်ပြီး စက်တင်ဘာလကုန်မှာ နိုင်ငံတကာမှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: