SD665 နဲ့ 5,000mAh ဘက်ထရီ ပါတဲ့ realme Narzo 20A ကို ကြေညာ

အိန္ဒိယမှာ realme က တန်ဖိုးနည်း Narzo 20A ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၅ လက်မ HD+ Mini-drop Notch မျက်နှာပြင် ထည့်သွင်းထားပြီး Screen-to-body Ratio က ၈၈.၇ ရာခိုင်နှုန်း ရှိတဲ့အတွက် တန်ဖိုးနည်း ဖုန်းအတွက် ဘောင်ပျောက် ဒီဇိုင်းက မိုက်တယ်လို့ ပြောရမှာပါ။ Snapdragon 665 Chipset နဲ့ Android 10 အခြေပြု realme UI ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 12MP , 2MP B&W နဲ့ 2MP Retro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ပါလာပါတယ်။ အနောက်ဘက်မှာ တန်ဖိုးကြီး ဖုန်း ဒီဇိုင်းပုံစံ ပေါက်စေတဲ့ Texture တွေကို အထူးဖန်တီးထားပါတယ်။ လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး အရွယ်ကြီး 5,000mAh ဘက်ထရီက သူ့ရဲ့ အမိုက်စား အစိတ်အပိုင်း ဖြစ်ပါတယ်။

realme Narzo 20A specifications

• 6.5-inch (1600 x 720 pixels) HD+ mini-drop display with Corning Gorilla Glass protection
• Octa Core Snapdragon 665 11nm Mobile Platform (Quad 2GHz Kryo 260 + Quad 1.8GHz Kryo 260 CPUs) with Adreno 610 GPU
• 3GB RAM with 32GB storage / 4GB RAM with 64GB storage, expandable memory up to 256GB with microSD
• Dual SIM (nano + nano + microSD)
• realme UI based on Android 10
• 12MP rear camera with f/1.8 aperture, PDAF, LED flash, EIS, 2MP B&W sensor and 2MP retro camera with f/2.4 aperture
• 8MP front-facing camera with f/2.0 aperture
• Dimensions:164.4×75.4×8.9mm; Weight: 195g
• Rear-mounted Fingerprint sensor
• 3.5mm audio jack, FM Radio
• Splash resistant
• Dual 4G VoLTE, WiFi 802.11 a/b/g/n, Bluetooth 5, GPS/ GLONASS/ Beidou, Micro USB
• 5000mAh battery with 10W charging

realme Narzo 20A အတွက် Glory Silver နဲ့ Victory Blue ၂ ရောင် ထုတ်လုပ်ထားပါတယ်။ 3/32GB ကို ၈,၄၉၉ ရူပီးနဲ့ 4/64GB ကို ၉,၄၉၉ ရူပီး သတ်မှတ်ထားပြီး ၁ သိန်းခွဲနဲ့ ၁ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်ပါတယ်။ ဒီလ ၃၀ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

ref : fonearena

%d bloggers like this: