5,000mAh ဘက်ထရီ ပါတဲ့ တန်ဖိုးနည်း realme C17 ကို ကြေညာ

realme က ဘင်္ဂလားဒေ့ရှ်မှာ C17 ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၅ လက်မ HD+ Punch Hole မျက်နှာပြင်ထည့်သွင်းထားပြီး 90Hz Refresh Rate နဲ့ 120Hz Touch Sampling Rate ထောက်ပံ့တဲ့အတွက် တန်ဖိုးနည်းပေမယ့် ဂိမ်မာတွေအတွက် ရှယ်ပါပဲ။ Snapdragon 460 SoC မောင်းနှင်ထားပြီး Android 10 ပါပါတယ်။

အနောက်ဘက်မှာ 13MP , 8MP Ultrawide , 2MP B&W နဲ့ 2MP Macro ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ပါပါတယ်။ အနောက်ဘက်ဟာ အရောင်‌ပြောင်း ဒီဇိုင်း ဖြစ်ပြီး လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ 18W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ထည့်ထားတဲ့အတွက် ဘက်ထရီ သက်တမ်း ကောင်းမှာပါ။

realme C17 specifications

• 6.5-inch (1600 x 720 pixels) HD+ LCD screen with 90Hz refresh rate, Corning Gorilla Glass protection
• Octa Core Snapdragon 460nm 11nm Mobile Platform (1.8GHz x 4+1.6GHz x 4 Kryo 240 CPUs) with 600MHz Adreno 610 GPU
• 6GB LPDDR4x RAM, 128GB storage, expandable memory up to 256GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with realme UI
• 13MP rear camera with f/2.2 aperture, LED flash, 8MP 119° ultra-wide camera with f/2.2 aperture, 2MP B&W camera, 2MP 4cm macro camera with f/2.4 aperture
• 8MP front-facing camera with f/2.0 aperture
• Dimensions: 164.1×75.5×8.5-8.9mm; Weight: 188g
• Rear-mounted fingerprint sensor
• 3.5mm audio jack, FM Radio
• Splash resistant (P2i coating)
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/ GLONASS/ Beidou, USB Type-C
• 5000mAh battery with 18W fast charging

Navy Blue နဲ့ Lake Green ၂ ရောင် ထုတ်လုပ်ထားပြီး ၁၈၈ ဒေါ်လာလောက် ကျသင့်မှာပါ။ ၂ သိန်းခွဲလောက်ရှိပြီး ဘင်္ဂလားဒေ့ရှ်မှာ ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: